25 C
Yangon

ကောလင်းမြို့နယ်၊ နတ်အင်းရွာ စာသင်ကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ဘေးရှောင် ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၂

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ နတ်အင်းရွာ စာသင်ကျောင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကောလင်းခရိုင် တပ်ရင်း ၂ ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဒီဇင်ဘာလ ၂၂ ရက်နေ့ ညနေ ၅ နာရီ ၁၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ တံတားဦး လေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးက ကောလင်းမြို့နယ် အနောက်ခြမ်း နတ်အင်းကျေးရွာ စာသင်ကျောင်းကို ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု စစ်ဘေးရှောင် ပြည်သူ ဦးမြင့်ဝင်း၊ ဒေါ်အေး ၊ ဦးကျော်ပိုင်ဦး ၊ ဦးအောင်မျိုးသူ ၊ ဦးစိုးသူအောင် နှင့် ဒေါ်နှင်းမိုးအေး တို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နွား ၁ ကောင်လည်း သေဆုံးခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ လေယာဉ်နဲ့ ဗုံးကျဲ တိုက်ခိုက်သွားတာလို့သိရတယ်။ နတ်အင်းရွာ စာသင်ကျောင်းလည်း ထိခိုက်ပျက်စီးတယ်။ စစ်ဘေးရှောင်လာတဲ့ ပြည်သူတွေလည်း ထိခိုက်မှုရှိတယ်လို့ သိရတယ်။ ထိခိုက်သူ အရေအတွက်ကိုတော့ ကောလင်းခရိုင် တပ်ရင်း ၂ က ထုတ်ပြန်ထားပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ ဒီဇင်ဘာလ ၂၁ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ်၏ မိတ္ထီလာလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးက ကောလင်းမြို့နယ် အရှေ့ခြမ်းရှိ ကျေးရွာများကို ၂ ကြိမ်ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article