ရန်ကုန်၊ ဒီဇင်ဘာ ၂၃
ပြည်ပနိုင်ငံများတွင် မြန်မာနိုင်ငံသား သန်းပေါင်းများစွာ ရောက်ရှိနေသော် လည်း စစ်တပ် ပြုလုပ်မည့် ရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးမှုမှာ ဆန္ဒမဲပေါင်း ၅၀၀၀ ဝန်းကျင်သာရှိကြောင်း စစ်တပ်လက်အောက်ခံ ရွေးကောက် ပွဲကော်မရှင်ထံမှ စုံစမ်းသိရှိရသည်။
ဒီဇင်ဘာလ ၆ ရက်နေ့နှင့် ဒီဇင်ဘာလ ၇ ရက်နေ့တို့တွင် ပြည်ပရောက်မြန်မာ နိုင်ငံသားများ၏ ကြိုတင်ဆန္ဒမဲလက်မှတ်များကို စစ်တပ်လက်အောက်ခံ သံရုံးများနှင့် ကောင်စစ်ဝန်ရုံးများ၊ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး အပါ အဝင် စုစုပေါင်း ရုံးပေါင်း ၅၀ ရုံးတွင် ကောက်ခံခဲ့ကြောင်း၊ ထိုသို့ ကောက်ခံခဲ့ရာတွင် ကြိုတင်မဲပေးသူ စုစုပေါင်းမှာ ၅၀၀၀ ကျော် ဝန်းကျင်သာရှိကြောင်း သိရှိရသည်။
“သံရုံး ဝန်ထမ်းနဲ့ မိသားစုတွေ၊ စစ်သံရုံးဝန်ထမ်းနဲ့ မိသားစုတွေနဲ့ ကောင်စစ်ဝန်ချုပ်ရုံးဝန်ထမ်းနဲ့ မိသားစုတွေရဲ့ မဲတွေ အများဆုံးပါတယ်။ ပြည်ပရောက် မြန် မာနိုင်ငံသားတွေ မဲပေးတာ နည်းပါတယ်။ ဘန်ကောက်သံရုံးမှာ ကြိုတင်မဲ ၃၀၀ ကျော်ဝန်းကျင်ပဲ လာပေးပါတယ်” ဟု ရွေးကောက်ပွဲကော်မရှင် သတင်းရင်း မြစ်က ရှင်းပြသည်။
အဆိုပါ ပြည်ပရောက် ကြိုတင်ဆန္ဒမဲများကို ဒီဇင်ဘာလ ၁၈ ရက်နေ့ တွင် နိုင်ငံခြားရေးဝန်ကြီးဌာနက ရွေးကောက်ပွဲကောမရှင်ထံသို့ လွှဲပြောင်းပေးလိုက်သော်လည်း ကြိုတင်မဲဆန္ဒ မည်မျှ ရရှိသည်ကို တရားဝင် သတင်းထုတ်ပြန်ခြင်းမရှိပေ။




