ဒီကနေ့ ဒီဇင်ဘာ ၂၃ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-အကြမ်းဖက်စစ်တပ်ရဲ့ ထိပ်ပိုင်း ဗိုလ်ချုပ်တွေကနေစတင်ပြီး အောက်ခြေ ရပ်/ကျေးအဆင့် Non-CDM ဝန်ထမ်းတွေအထိ ရွေးကောက်ပွဲမှာ ကြိုတင်မဲပေးထားဖို့ကို စစ်ကော်မရှင်က လျှို့ဝှက် အမိန့် ထုတ်ပြန်စေခိုင်းထားပါတယ်။
စစ်အုပ်စုထိန်းချုပ်ထားတဲ့ နိုင်ငံပိုင် ဝါဒဖြန့်ချိရေးမီဒီယာ MRTVက Twitch အပါအဝင် အင်တာနက် လူမှုကွန်ယက်တွေပေါ်ကနေ ဖယ်ရှားခံရပြီးနောက် သူတို့ရဲ့ ရုပ်သံတိုက်ရိုက်ထုတ်လွှင့်မှုတွေကို ဩစတေးလျ ရုပ်သံလွှင့် ပလက်ဖောင်းတခုဖြစ်တဲ့ Kickကို ပြောင်းလဲ အသုံးပြုလိုက်ပါတယ်။
မန္တလေးလူထုသပိတ်ခေါင်းဆောင် ကိုထက်မြတ်အောင်အပါအဝင် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသား အားလုံး ပြန်လည်လွတ်မြောက်ခွင့်ရရှိရေး တိုက်ပွဲဝင်သွားမယ်လို့ ရတနာပုံ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ က ထုတ်ပြန်လိုက်တဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။




