ထိုင်းနိုင်ငံ၊ ဆိုင်ကယ်အပိုပစ္စည်းထုတ်စက်ရုံမှ တရားဝင် မြန်မာအလုပ်သမား ၁၂ ဦး အလုပ် ထုတ်ခံရသည့်အပြင် အထောက်ထားများပါ သိမ်းဆည်းခံရမှုနှင့်ပတ်သက်၍ ထိုင်းအလုပ်ရှင်ကို အမှုဖွင့်တိုင်ကြားထားကြောင်း အလုပ်သမားများကို အကူအညီပေးနေသည့် MHAC မဟာမိတ်အဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ Zin က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။
ထိုင်းနိုင်ငံ စမှုပကန်ရှိ ဆိုင်ကယ်အပိုပစ္စည်းထုတ်လုပ်သည့်စက်ရုံ တစ်ခုတွင်အလုပ်လုပ်ကိုင်နေကြသော မြန်မာရွေ့ပြောင်းအလုပ်သမား ၁၂ ဦး ကြိုတင်အကြောင်းမကြားဘဲ အလုပ်မှထုတ်ပယ်ခံရသည့်အပြင် အထောက်ထားများပါသိမ်းဆည်းခံလိုက်ရကြောင်း၊ ထိုသို့ အလုပ်ထုတ်ခံရသည့်အပြင် အထောက်အထား သိမ်းဆည်းခံရသည့် မြန်မာအလုပ်သမားများက MHAC မဟာမိတ်ရုံးသို့ အကူအညီတောင်းခံလာသည့်အတွက် နစ်နာထားသည်များ ပြန်လည်ရရှိရေး ကြိုးပမ်းနေကြောင်း သိရှိရသည်။
“ဒီအမှုနဲ့ ပတ်သက်ပြီးတော့ လုပ်ထုံးလုပ်နည်းတွေအတိုင်း ထိုင်းနိုင်ငံရဲ့ တရားဥပဒေအတွင်းကပဲ တတ်နိုင်သမျှ အကောင်းဆုံး ကလေးတွေနဲ့ အတူ ဆုံးရှုံးနစ်နာထားတာတွေ ပြန်ရရှိရေးအတွက် အကောင်းဆုံးကြိုးစားပေးသွားမယ် အတူတူရပ်တည်ပေးသွားမယ်”ဟု MHAC မဟာမိတ်အဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ Zin က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောဆိုသည်။
လတ်တလော ဒီဇင်ဘာလ ၂၂ ရက်နေ့ မြန်မာအလုပ်သမားများအပေါ် မတရားဖိနှိပ်သော အလုပ်ရှင်ကို နယ်မြေကန် အလုပ်သမားရုံးများတွင်သွားရောက်အမှုဖွင့်ထားပြီးဖြစ်ကာ နစ်နာကြေးများ အပြည့်အဝ ပြည်လည်ရရှိရေး လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar






