39 C
Yangon

ခမရ ၅၅၆ မှ ဗိုလ်ကြီးနေရဲထက် မင်္ဂလာဆောင်ပြီး ၇ လအကြာ ဥကရစ်ထ တိုက်ပွဲတွင် သေဆုံး

Must read

ရန်ကုန်၊ ဇူလိုင် ၇

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ဥကရစ်ထ တိုက်ပွဲတွင် စစ်ကောင်စီတပ် ခမရ ၅၅၆ တပ်မှ တိုက်ခိုက်ချေမှုန်းရေး ပထမဆုရ ဗိုလ်ကြီးနေရဲထက် သေဆုံးသွားကြောင်း ၎င်း၏ မိတ်ဆွေအသိုင်းအ၀ိုင်းတချို့ထံမှ သိရှိရသည်။

OTS ဗသက-အပတ်စဉ် ၁၁၉ ကျောင်းဆင်း ဗိုလ်ကြီးနေရဲထက်သည် စစ်ကောင်စီတပ် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၃) လက်အောက်ခံ တနင်္သာရီတိုင်း မြိတ်မြို့နယ်၊ ခြေမြန်တပ်ရင်း-ခမရ ၅၅၆ မှဖြစ်ပြီး မအူပင်ဇာတိဖြစ်ကြောင်း၊ ဥကရစ်ထ တိုက်ပွဲတွင် သေဆုံးသွားခြင်းဖြစ်ကြောင်း၊ အလောင်းပြန်လည် မရရှိကြောင်း သိရှိရသည်။

ဗိုလ်ကြီးနေရဲထက်သည် မင်းအောင်လှိုင်ကို ဘုရားကဲ့သို့ ကိုးကွယ်သူဖြစ်ပြီး လူမှုကွန်ရက်တွင် NUG PDF များကို လှောင်ပြောင်သူ ဖြစ်ကြောင်း၊ ဇနီးဖြစ်သူ ချောနန္ဒာအောင်(ခ) မီးငယ်နှင့် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့တွင် မင်္ဂလာဆောင်ခဲ့ကြောင်း၊ မင်္ဂလာဆောင်ပြီး ၇ လနီးပါး ကြာမြင့်လာချိန်တွင် သေဆုံးသွားခြင်းဖြစ်သည်။

“အလောင်းပြန်မရဘူး။ နာရေးပဲ လုပ်ရတယ်။ သူက မအူပင် ဇာတိ၊ သူ့မိဘတွေက မအူပင် အိုင်၀ိုင်းကျေးရွာက ။ သူ့အမျိုးသမီးနဲ့ မင်္ဂလာဆောင်ထားတာက မနှစ် နိုဝင်ဘာ ၂၁ ရက်နေ့ကမှ မင်္ဂလာဆောင်ထားတာ။ စနိုက်ပါထိလို့သေတယ်လို့ လည်း သူတို့ရဲ့ ဖေ့ဘုတ်စ်အကောင့် ကွန်မန့်တွေမှာ တွေ့တယ်။ မိသားစုဘက်က ဘာဖြစ်လို့ သေလဲဆိုတာ မပြောဘူး။ သူ့အမျိုးသမီးက မရမ်းကုန်း ၃ ရပ်ကွက် ဘက်က။ ကျနော်နဲ့ သူ့မိဘတွေနဲ့ အသိတွေပဲ။ သူတို့က သားက ဗိုလ်ကြီးဆိုပြီး ရပ်ထဲရွာထဲမှာ အတော်ကို ဘယ်လိုပြောရမလဲ အထက်စီးက လူတွေကို ဆက်ဆံတာ” ဟု မိတ်ဆွေတစ်ဦးက ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်၏ ပြောခွင့်ရ ဇော်မင်းထွန်းက ဥကရစ်ထစခန်းကို စစ်ကောင်စီတပ်က အကောင်း ဆုံးခုခံနိုင်ခဲ့ပြီး စစ်ကူများ စေလွှတ်ထားကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article