25 C
Yangon

TikTok က မြန်မာစစ်တပ်ဝါဒဖြန့်ယန္တရားအပေါ် ပထမဦးဆုံး အရေးယူမှုအဖြစ် MWD News (မြဝတီသတင်း) စာမျက်နှာကို စတင်ဖယ်ရှား

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၆

တရုတ်ထိန်းချုပ် ဆိုရှယ်မီဒီယာဟု လူသိများသော TikTok သည် မြန်မာစစ်တပ်ဝါဒဖြန့်ယန္တရားအပေါ် ပထမဦးဆုံး အရေးယူမှုအဖြစ် MWD News (မြဝတီသတင်း) စာမျက်နှာကို ၄င်းတို့၏ ပလက်ဖောင်းမှ စတင်ဖယ်ရှားဖြုတ်ချလိုက်ပြီဖြစ်သည်။

ထိုသို့ TilTok က အရေးယူခဲ့သော MWD News (မြဝတီသတင်း) စာမျက်နှာကို မြန်မာစစ်တပ်၏ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓါတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးက ကြီးကြပ်လုပ်ကိုင်နေခြင်း ဖြစ်သည်။

TikTok အား စစ်အုပ်စုအကောင့်များအတွက် ဝန်ဆောင်မှုများ ဆက်လက်ပေးအပ်နေမှုများနှင့်ပတ်သက်ပြီး ဒဏ်ခတ်ပိတ်ဆို့မှုများကို လိုက်နာဆောင်ရွက်မှုနှင့် လူ့အခွင့်အရေးဆိုင်ရာစိုးရိမ်မှုများအပေါ် Justice For Myanmar က စာရေးသားပေးပို့ မေးခွန်းထုတ်ခဲ့ပြီးနောက် ယခုကဲ့သို့ TikTok က MWD News (မြဝတီသတင်း) အကောင့်အား ဖြုတ်ချလိုက်ခြင်းဖြစ်ကြောင်း Justice For Myanma က ထုတ်ပြန်သည်။

TikTok နှင့် အခြားနည်းပညာကုမ္ပဏီများအားလုံးအနေဖြင့် ကျန်ရှိနေသေးသည့် စစ်အုပ်စု၏ ဝါဒမှိုင်းဖြန့်အကောင့်များအား ဖြုတ်ချရန်နှင့် ၄င်းတို့၏ပလက်ဖောင်းများအား စစ်အုပ်စုက အသုံးပြုနေခြင်းကို ပိတ်ပင်ရန် ဆက်လက်တောင်းဆိုကြောင်းလည်း JFM ကထုတ်ပြန်ထားသည်။

တရုတ်ထိန်းချုပ် ဆိုရှယ်မီဒီယာဟု လူသိများသော TikTok သည် မြန်မာနိုင်ငံတွင်း လူသုံးများသည့် ဆိုရှယ်မီဒီယာပလက်ဖောင်းတစ်ခုဖြစ်ပြီး၊ ယင်း TilTok ကို စစ်အုပ်စုဖက်ကလည်း ၄င်းတို့၏ ဝါဒဖြန့် ပလက်ဖောင်းတစ်ခုအနေနှင့် သုံးစွဲနေခြင်းဖြစ်သည်။ ထိုသို့ စစ်အုပ်စုမှ ၄င်းတို့၏ မိတ်ဖက်ဟု တွေးထင်ထားသည့် TikTok မှနေ၍ ထိုသို့ ၄င်းတို့၏ အဓိကမီဒီယာဖြစ်သည့် မြဝတီအကောင့်ကို ဖယ်ရှားဖြုတ်ချလိုက်ခြင်းသည် စစ်အုပ်စုအတွက် အရှက်ရစေသော ဖြစ်ရပ်တစ်ခုကို ဖြစ်စေခဲ့ပြီဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article