28 C
Yangon

Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၂၇ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဒီဇင်ဘာ ၂၇ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

-ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းတိုက်ပွဲကို KIA က ဒီဇင်ဘာ၂၅ ရက်နေ့က စတင်လိုက်ပြီး စစ်တပ် ဘက်မှ အမှတ် ၄၇ ခြေလျင် တပ်ရင်း(ခလရ ၄၇) ဗျူဟာမှူး၊ အမှတ် ၆၄၁ စစ်လက် နက်ပစ္စည်းတပ်ခွဲ စနခ ၆၄၁ ရဲ့ တပ်ရင်းမှူးနှင့် ဒုတပ် ရင်းမှူး အပါအဝင် စစ်တပ်ဘက်ကနေ အရာရှိနှင့်စစ်သည်တွေ သေဆုံးမှုများပြားခဲ့တယ်လို့ KIA စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ဆွာမကြီးရွာ တိုက်ပွဲအတွင်း သေဆုံးသွားတဲ့ စစ်သားအလောင်းတချို့ စစ်တောင်းမြစ်မှာ ပုတ်ပွပေါ်လာနေတယ်လို့ နေပြည်တော်တိုင်း စစ်ဌာနမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။

တရုတ်ထိန်းချုပ် ဆိုရှယ်မီဒီယာဟု လူသိများတဲ့ TikTok ဟာ မြန်မာစစ်တပ်ဝါဒဖြန့်ယန္တရားအပေါ် ပထမဦးဆုံး အရေးယူမှုအဖြစ် MWD News (မြဝတီသတင်း) စာမျက်နှာကို သူတို့ရဲ့ ပလက်ဖောင်း ကနေ စတင်ဖယ်ရှားဖြုတ်ချလိုက်ပြီဖြစ်ပါတယ်။

မန္တလေးတိုင်း၊ အမရပူရမြို့နယ်မှာ ရွေးကောက်ပွဲ ဆန္ဒမဲလာပေးရေး ပြည်သူတွေကို ဖိအား ပေးနေတဲ့ ရာအိမ်မှူး ယုကြိုင် ပစ်ခတ်ခံရပြီး သေဆုံးသွားတဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article