24 C
Yangon

ကလေးမြို့မှ ပြည်သူများက အသံတိတ်သပိတ် ဆင်နွှဲပြီး စစ်တပ်၏ ရွေးကောက်ပွဲနေ့ကို မဲထွက်မပေးဘဲ သပိတ်မှောက်၊ မဲရုံတွင်သာမက လမ်းပေါ်တွင် လူသူကင်းရှင်းနေ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၈

စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် ပြည်သူများက ယနေ့ ပြုလုပ်သည့် စစ်တပ်၏ ရွေးကောက်ပွဲကို ပါဝင်ခြင်းမပြုဘဲ အသံတိတ် သပိတ် ဆင်နွှဲနေသောကြောင့် မဲရုံများတွင်သာမက လမ်းပေါ်တွင်ပါ လူသူ ကင်းရှင်းနေကြောင်း ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီမှ အဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အကြမ်းဖက်စစ်တပ်က ယနေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့ စတင်ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း ၁ တွင် စစ်ကိုင်းတိုင်း၊ ကလေးမြို့လည်း ပါဝင်ကြောင်း၊ သို့ရာတွင် ကလေးမြို့မှ ပြည်သူများက ၎င်းတို့ကိုယ်တိုင် မဲထွက်မပေးဘဲ အသံတိတ်သပိတ်လှုပ်ရှားမှုဖြင့် ဆန့်ကျင်နေကြကြောင်း သိရှိရသည်။

“အခု ကလေးမြို့မှ ပြည်သူတွေကိုယ်တိုင် ခေါ်ထားတဲ့ အသံတိတ် သပိတ်ပါ။ ဘယ်သူမှလည်း မထွက်ကြဘူး။ မဲရုံတွေမှာလည်း စစ်တပ်က စက်သေနတ်တွေနဲ့ကို စောင့်နေတာ။ ကလေးမြို့ ဗိုလ်ချုပ်လမ်း၊ ကလေးမြို့ ဘုရင့်နောင်လမ်း၊ ရွေးကောက်ပွဲနေ့မှာ လူသူကင်းရှင်းနေတယ်။ ပြည်သူလူထုပါဝင်မှုကို အထင်မသေးကြပါနဲ့။ ပြည်သူတွေက သွေးမအေးသွားပါဘူး။ ကလေးမြို့မှာ လူထုပါဝင်မှုက

စစ် အာဏာရှင်အမြစ်ပြတ်ဖို့ဒီကနေ့အထိ ပူးပေါင်းပါဝင်မှုနှင့်အရိုးသားဆုံးရေချိန် အမြင့်ဆုံးမှာ ရှိနေ‌ဆဲပါ” ဟု ကလေးမြို့မှ ပြည်သူတစ်ဦးက ရှင်းလင်းပြောဆိုသည်။

ကလေးမြို့တွင် လူအမြဲစည်ကားနေသည့် မီးခွက်စျေး ခေါ် မိုးမလင်းစျေးမှာလည်း စျေးသည်အများစု မထွက်ကြဘဲ ထွက်သည့်စျေးသည်များမှာလည်း စောစီးစွာပင် ဆိုင်များ ပိတ်သိမ်းသွားခဲ့ကြကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article