ဒီကနေ့ ဒီဇင်ဘာ ၂၈ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
အကြမ်းဖက်စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲ ကျင်းပဖို့ နာရီပိုင်းအလို မန္တလေး၊ မုံရွာနှင့် မြ၀တီမြို့နယ်ပြည်မြို့တို့မှာ ပေါက်ကွဲမှုတွေ နှင့် စစ်တပ်ရဲ့ တန်ပြန် ပစ်ခတ်မှုတွေ ပေါ်ထွက်ခဲ့ပြီး လူတချို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံပြည်သူတွေရဲ့ ပြောဆိုချက်နဲ့ စစ်တပ်လော်ဘီတွေရဲ့ သတင်း ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
အကြမ်းဖက်စစ်တပ်က ဒီဇင်ဘာလ ၂၈ ရက်နေ့ပြု လုပ်မယ့် အချုပ်သားတွေနှင့် စစ်မှုထမ်း(ပစ)တွေကို ကြိုတင်မဲပေးခိုင်းပြီး မဲပေးရာမှာလည်း ကြံ့ဖွတ်ပါတီကိုသာ ကြိုတင်မဲပေးခိုင်းတယ်လို့ တောင်ကြီးမှာ ရောက်ရှိနေတဲ့ အချုပ်သားမိသားစု ဝင်တွေ၊ စစ်မှုထမ်း(ပစ)တွေက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပလောက်မြို့မှာရှိတဲ့ စရဖရုံး၊ ထွေအုပ်ရုံး၊ ရဲစခန်း နှင့် ခမရ ၂၈၀ တပ်ရင်း တို့ကို ဒရုန်းတွေနဲ့ ဗုံးကျဲ တိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၂ ဦးသေဆုံးခဲ့တဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။




