28 C
Yangon

မန္တလေးမြို့၊ နန်းတွင်းရှိ အလယ်ပိုင်းတိုင်း စစ်ဌာန ချုပ်ကို ၁ဝ၇ မမရှော့ဒုံးများဖြင့်တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး၊ စစ်တပ်က တန်ပြန်ရမ်းသမ်းပစ်ခတ်မှု ကြောင့် မြို့နေပြည်သူတချို့ ထိခိုက်ဒဏ်ရာရ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၈

အကြမ်းဖက်စစ်တပ်၏ ရွေးကောက်ပွဲကို ကန့်ကွက်သည့်အနေဖြင့် မန္တလေးမြို့၊ နန်းတွင်းရှိ အလယ်ပိုင်းတိုင်း စစ်ဌာန ချုပ်ကို ၁ဝ၇ မမရှော့ဒုံးများဖြင့်တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံးသွားကြောင်း Brave Warriors for Myanmar (BWM) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ယနေ့ ဒီဇင်ဘာလ ၁ ရက် နံနက်အစောပိုင်း ၁ နာရီခန့်က မန္တလေးနန်းတွင်းရှိ အာဏာသိမ်းစစ် ကော် မရှင်၏ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် အတွင်းသို့ ၁ဝ၇ မမ ရှော့တိုက်ဒုံး ၅ လုံးကို ပစ်ခတ်ရာ ၄ လုံးကို အောင်မြင်စွာပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ပြီး စစ်သား ၂ ဦးထက်မနည်းသေဆုံးခဲ့ပြီး လူနာတင် ယာဉ်များလည်း အဝင်အထွက်ပြုလုပ်ခဲ့ကြောင်း၊ နန်းတွင်းရှိ စစ်တပ်ကလည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှု ကြောင့် မြို့နေပြည်သူအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည။

ရှော့တိုက်ဒုံးဖြင့် နန်းတွင်းရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီးနောက် အကြမ်း ဖက်စစ်တပ်က လက်နက်ကြီးများဖြင့် ရှော့တိုက်ဒုံး ပစ်ခတ်သည်ဟု ထင်သော နေရာများသို့ တရစပ် ရမ်းသမ်းပစ် ခတ်ခဲ့ရာ မြို့နေပြည်သူ အချို့ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“စကမရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ပြတဲ့ မစ်ရှင်ပါ။ ပြည်သူထိမယ်စိုးလို့ လပခ ထဲကိုပဲ ပစ်တာပါ။ ၄ လုံး လပခ ထဲကျရောက်ပေါက်ကွဲတာ နယ်မြေခံသတင်းတွေကနေ မနက်အစောကြီးကတည်းက ရထားပါတယ်။ စကမဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ တရစပ် ရမ်းသန်းပစ်ခတ်တာတွေ အရမ်းများလို့ မြို့နေပြည်သူအချို့ ထိတာလည်း သတင်းအတိ အကျရပါတယ်” ဟု Brave Warriors for Myanmar (BWM) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) ၊ No More Dictatorship (NMD-PDF) ၊ Shadow (အညာ) နှင့် Infinity တို့ ပူးပေါင်းကာ BWM ၏ Mission 48 အဖြစ်တိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး မစ်ရှင်ဖော်ဆောင်ခဲ့သည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ ဘေးအန္တရာယ်ကင်းစွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

စစ်ကော်မရှင်၏ ထွက်ပေါက်တစ်ခုဖြစ်သည့် အတုအယောင်ရွေးကောက်ပွဲကို ပြည်တွင်းပြည်ပမှ မြန် မာနိုင်ငံသားများ ဆန့်ကျင်နေသည့်ကြားမှ ပြည်သူ့ဆန္ဒကို ဆန့်ကျင်လုပ်ဆောင် နေသောကြောင့် ပြည်သူမှ ပေါက်ဖွားလာသည့် BWM နှင့် မဟာမိတ်အဖွဲ့တို့မှ ပြည်သူ့ကိုယ်စား အ တု အယောင်ရွေး ကောက်ပွဲ ကို သဘောမတူဆန့်ကျင်ကြောင်းပြသသည့် အနေဖြင့် လပခ အတွင်းသို့ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးထားသည်။

BWM နှင့်မဟာမိတ်အဖွဲ့တို့သည် ပြည်သူကို ကာကွယ်၍ ပြည်သူဘက်မှ ထိရောက်သော မစ်ရှင်တို့ ဖြင့် တော်လှန်ရေး အောင်မြင်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားဖြစ်ပြီး စစ်ကော်မရှင်က ပြုလုပ် သည့် အတုအယောင်ရွေးကောက်ပွဲ အလိုမရှိကြောင်း ထုတ်ပြန်ကြေညာထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article