ကရင်ပြည်နယ် ဘားအံမြို့နယ်အတွင်းအာဏာသိမ်း အကြမ်းဖက်စစ်တပ်၏ ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ကြောင်း ပြည်သူ ၄၀၀၀ ခန့်က ဆိုင်ကယ်၊ ကား၊ ခြေလျင်ဖြင့် ဒုတိယအကြိမ် ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါ ဆန္ဒပြပွဲကို ကေဝိုင်အို-ကရင်လူငယ်အစည်းအရုံးက ဦးဆောင်ပြီး ပြည်သူများ ပူးပါင်း ပါဝင်ခဲ့ကြခြင်း ဖြစ်ကြောင်း၊ အာဏာသိမ်း သောင်းကျန်းသူ စစ်အုပ်စုအဆက်ဆက်သည် ၎င်းတို့၏ အာဏာ သက်ဆိုးရှင်ရေးအတွက်နှင့် လူမျိုးပေါင်းစုံပြည်သူလူထုများအပေါ် ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန်အတွက် ပြုလုပ်မည့် အတုအယောင်ရွေးကောက်ပွဲကို ပြည်သူလူထုနှင့်အတူ တော်လှန်တိုက်ဖျက်သွားမည်ဖြစ်ကြောင်း ကေဝိုင်အို-ကရင်လူငယ်အစည်းအရုံးက ထုတ်ပြန်ထားသည်။






