29 C
Yangon

ဘုတ်ပြင်းမြို့နယ်၊ လေညာရွာ တံတားကြီးအနီးရှိ စစ်တပ် မဲရုံကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အရာရှိ ၁ ဦး အပါအဝင် စစ်သား ၅ ဦးသေဆုံး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၈

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ လေညာရွာ တံတားကြီးအနီးရှိ အကြမ်းဖက် စစ်တပ် မဲရုံကိုဒရုန်းဖြင့် တိုက်ခိုက်ရာ အရာရှိ ၁ ဦး အပါအဝင် စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း Dragon Squad – TNI မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂၆ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ပြည်ကြီးမဏ္ဍိုင်မြို့ ၊ လေညာရွာ တံတားကြီးအနီးရှိ အရပ်ခေါ် ငှက်သိုက်အိမ်တွင် အကြမ်းဖက် စစ်တပ်က အတုအယောင် ရွေးကောက်ပွဲ ကျင်းပနိုင်ရန် မဲရုံပြုလုပ်နေစဉ် တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ အရာရှိ ၁ ဦး အပါအဝင် စစ်သား ၅ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း၊ တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် အကြမ်းဖက် စစ်တပ်က လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

” ပြည်ကြီးမဏ္ဍိုင်မြို့ ၊ လေညာရွာတံတားကြီးအနီးက ငှက်သိုက်အိမ်မှာ စစ်ခွေးတွေက ပြုလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲအတွက် ပြင်ဆင်ထားတဲ့ မဲပေးရုံကို ဒရုန်းနဲ့ ဗုံးကျဲ တိုက်ခိုက်ခဲ့တာပါ။ အဲ တိုက်ခိုက်မှုမှာ စစ်ခွေး အရာရှိ အပါဝင် မဲရုံအတွက် လုံခြုံရေးယူပေးထားတဲ့ စစ်ခွေး ၅ ကောင် ထိခိုက်သေဆုံးမှုရှိတယ်” ဟု Dragon Squad – TNI မှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Dragon Squad – TNI အဖွဲ့၊ ကော့သောင်းခရိုင် အမှတ် ၁ တပ်ရင်း၊ SOF တပ်ခွဲ နှင့် ဘုတ်ပြင်း ပကဖ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article