မကွေးတိုင်း၊ ချောက်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် အထိုင်ချ တပ်စွဲထားသော စစ်ဆေးရေးဂိတ်နှင့် တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်းThe Commanding Office of Magway District (မကွေးခရိုင်စစ်ဌာန) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဒီဇင်ဘာလ ၂၈ ရက်နေ့ နံနက် ၅နာရီခန့်တွင် ချောက်မြို့နယ်၊ ဖိုကုန်းကျေးရွာအနီးတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်တပ်ဘက်မှ စစ်သား ၄ ဦးသေဆုံးကာ ၆ ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်းသိရှိရသည်။
ထို့ပြင် ဒီဇင်ဘာ ၂၅ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်ကလည်း ချောက်မြို့ မြောက်ဘက် မြို့အဝင် ကျောက်တဲဂိတ်အနီး တပ်စွဲထားသော အကြမ်းဖက် စစ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်သား ၃ ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်းသိရှိရသည်။
ဒီဇင်ဘာလ ၂၇ ရက်နေ့ ချောက်မြို့နယ်တွင် ရွေးကောက်ပွဲလုံခြုံရေးအတွက် ကျောက်ပန်းတောင်းမြို့မှ ထွက်လာသော အင်အား ၂၀၀ ကျော်ပါ စစ်ကြောင်းကို မကွေးခရိုင်စစ်ဌာန ကွပ်ကဲမှုအောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့များမှ နင်းမိုင်း၊ ဆွဲမိုင်း မိုင်းများဖြင့်တိုက်ခိုက်ခဲ့ကြောင်း၊အဆိုပါတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၃ ဦးသေဆုံးကာ၊ ၁၀ ဦး ပြင်းထန် ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်းသိရှိရသည်။
“စစ်ခွေး သေစာရင်းက စုစုပေါင်း ၇ ဦး။ ပြင်းထန်ဒဏ်ရာ နဲ့ သေဆုံးထပ်တိုးတာမျိုးရှိနိုင်ပါတယ်။ အတည်ပြုလို့ရတာကတော့ စစ်ခွေး ၇ ဦးအသေပေါ့။ အဲဒီ ကျောက်တဲဂိတ်မှာ စစ်ခွေး အင်အား တပ်စိတ် ၁ စိတ်စာတော့ရှိတယ်။ ခွေးအလောင်း သူတို့ချန်ထားခဲ့တာရှိတယ်”ဟု The Commanding Office of Magway District (မကွေးခရိုင်စစ်ဌာန) မှ တာဝန်ရှိသူက ပြောဆိုသည်။
အဆိုပါတိုက်ခိုက်မှုကို မကွေးခရိုင်စစ်ဌာန ကွပ်ကဲမှုအောက်ရှိ မကွေးခရိုင် အမှတ်(၁)၊ (၂) တပ်ရင်း/တပ်ဖွဲ့များနှင့် Chauk Revolution Army(CRA)၊ ဒေါင်းရင်သွေး (LPDF) တို့က ပူးပေါင်းလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ မကွေးခရိုင်စစ်ဌာနအနေဖြင့် စစ်အာဏာရှင်အမြစ်ဖြတ် တိုက်ပွဲများ အရှိန်မြှင့် ဖော်ဆောင်လျက်ရှိကြောင်း The Commanding Office of Magway District (မကွေးခရိုင်စစ်ဌာန) က အသိပေးနှိုးဆော်ထားသည်။
အလားတူ ဒီဇင်ဘာလ ၂၉ ရက်နေ့ ညနေ ၅ နာရီ ၁၀ မိနစ်အချိန် ချင်းပြည် ဖလမ်းမြို့သို့ စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို ချင်းတော်လှန်ရေးတပ်များက Khuangli ရွာအနီး ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးပြီး စစ်သုံ့ ပန်း ၄ ဦး အရှင်ဖမ်းဆီးရရှိကြောင်း CNA ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောဆိုသည်။
စစ်တပ်မှ စစ်သုံ့ပန်း ၄ ဦးနှင့်အတူ လက်နက် ၁၀ လက်၊ ကျည်ဆန် ၁၀၀၀ ကျော် ၊ ကျည်ဘောက် ၄၀ ကျော် အပါအဝင် စစ်အသုံးအဆောင်ပစ္စည်းများ စွာ သိမ်း ဆည်းရရှိခဲ့ကြောင်း၊ စစ်တပ် စစ် ကြောင်းမှာ Khuangli ကျေးရွာအနီး တပ်စွဲထားသော စခန်းကုန်းမှလည်း ပြန်လည် ဆုတ်ခွာ ထွက်ပြေး သွားကြောင်း သိရှိရသည်။






