26 C
Yangon

ဘုတလင်မြို့ပေါ်တွင် တပ်စွဲထားသော စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံး၊ တနင်္သာရီမြို့နယ်တွင်လည်း စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၃၀

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ်တွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦးသေဆုံးခဲ့ကြောင်း ဘုတလင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ဒီဇင်ဘာလ ၂၈ ရက်နေ့ နံနက်အစောပိုင်း ၂ နာရီခန့်တွင် ဘုတလင်မြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ဘုတလင်ရဲစခန်း ၊ ထွေ/အုပ် ရုံး နှင့် အထကကျောင်း တို့ကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်သား ၁၀ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများပြားကြောင်း သိရသည်။

တိုက်ပွဲအတွင်း တော်လှန်ရေး တပ်ဖွဲ့ဘက်မှ ရဲဘော် ၃ ဦးကျဆုံးခဲ့ပြီး ၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ တော်လှန်ရေး ရဲဘော်များ၏ MA-2 သေနတ် ၁ လက် ဆုံးရှုံးခဲ့ပြီး တိုက်ပွဲဖြစ်ပွားရာနေရာကို အကြမ်းဖက် စစ်တပ်ဘက်မှ Y-12 ဖြင့် ၈ ကြိမ်၊ စက်တပ်လေထီးဖြင့် ၉ ကြိမ် ၊ အသေခံ ဒရုန်းဖြင့် ၆ ကြိမ် လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း၊ ထို့ပြင် ဘုတလင်မြို့နှင့် နမခ အကြားတွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ဘုတလင်မြို့နယ် ပကဖ ၊ မုံရွာခရိုင်တပ်ရင်း ၂၀ ၊ ဒီပဲယင်းမြို့နယ်ပကဖ ၊ ကနီမြို့နယ်တပ်ရင်း ၉+ ၊ ရေဦးမြို့နယ် ပကဖ လက်ရုံးတပ် ၊ ရွှေဘိုခရိုင် drone အဖွဲ့ ၊ မုံရွာခရိုင်ကွပ်ကဲရေး drone အဖွဲ့၊ BA တပ် နှင့် မဟာမိတ်အဖွဲ့များက ၉ နာရီကြာ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အလားတူ တနင်္သာရီမြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း မြိတ်ခရိုင် တပ်ရင်းမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂၉ ရက်နေ့ နံနက် ၇ နာရီ ၄၀ မိနစ်ခန့်တွင် တနင်္သာရီမြို့နယ်၊ သဲဖြူရွာ၊ ထုံကတဲလမ်းဆုံအနီးတွင် အကြမ်းဖက် စစ်‌တပ် စစ်ကြောင်းနှင့် မြိတ်ခရိုင်၊ တပ်ရင်း (၃)၊ တပ်ခွဲ (၁/၂)၊ တပ်ရင်း (၂)၊ တပ်ခွဲ (၁)၊ ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ ထို့နောက် ယင်းနေ့ နံနက် ၈ နာရီ ၄၀ မိနစ်ခန့်တွင်လည်း ဒုတိယအကြိမ် တိုက်ပွဲထပ်မံ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထို ထိတွေ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၂ ဦး‌သေဆုံးကာ ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article