By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇူလိုင် ၇ ရက် ညနေပိုင်း ရရှိထားတဲ့သတင်းတွေကတော့
-မြန်မာနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ လန်ချန်း -မဲခေါင် အစည်းအဝေးဟာ ဒေသတွင်းနိုင်ငံတွေရဲ့ အကျိုး စီးပွားအတွက် မဟုတ်ဘဲ စစ်ကောင်စီကို ထွက်ပေါက်ရှာပေးဖို့ တရုတ်ရဲ့ နိုင်ငံရေးအကွက်ရွှေ့မှု သက်သက်သာ ဖြစ်တယ်လို့ နိုင်ငံတကာအရေး ကျွမ်းကျင်သူတွေက သုံးသပ်နေကြပါတယ်။
– စစ်ကိုင်းတိုင် ၊ ဝက်လက်မြို့နယ် ၊ မင်းရွာမှာ စစ်တပ်ထောက်ခံသူ၊ ကြံ့ဖွတ်ပါတီ-ဘက်တော်သား ကိုဇော်လင်း ရဲ့ နေအိမ်ကို စစ်ကောင်စီတပ်က မီးရှို့သွားတဲ့အတွက် ယခင်က စစ်ကောင်စီတပ်ကို ခွေးနဲ့ နှိုင်းရင် မခံမရပ်နိုင်ခဲ့ပေမယ့်် အခုတော့ စစ်ကောင်စီတပ်ဟာ ခွေးထက်ပိုဆိုးရွားနေတယ်လို့ စစ်တပ်ထောက်ခံသူ ကိုဇော်လင်းပြောဆိုလိုက်ပါတယ်။
– မကွေးတိုင်း၊ ပေါက်မြို့နယ်၊ မကျီးကုန်း – ကျောက်မဆင်တောင်ပေါ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် နဲ့ မြိုင်မြို့နယ်-ကျေးရွာများတော်လှန်ရေးတပ်ဦး MV-RF ကြား ဇူလိုင်လ ၅ ရက်နေ့ မနက်ပိုင်းက ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တဲ့သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။