33 C
Yangon

ခင်ရီ အပါအဝင် ကြံ့ဖွတ်ကိုယ်စားလှယ် ၂၄ ဦးကို အနိုင်ရ အမတ်များဖြစ် ကြေညာလိုက်ပြီး ရွေးကောက်ပွဲ မကျင်းပသော မြို့နယ် ၁၄ ခုမှ ကြံ့ဖွတ်ကိုယ်စားလှယ် ၁၄ ဦးကိုလည်း အလိုအလျောက်အမတ်များအဖြစ် ကြေညာ ၊ ကြိုတင်မဲအားလုံးကို ကြံ့ဖွတ်ပါတီကသာ ရရှိ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၃

အကြမ်းဖက် စစ်တပ် လက်အောက်ခံ ရွေးကောက်ပွဲ ကော်မရှင်က ကြံ့ဖွတ်ပါတီဥက္ကဋ္ဌ ခင်ရီ အပါအဝင် ကြံ့ဖွတ်ကိုယ်စားလှယ် ၂၄ ဦးကို အနိုင်ရ အမတ်များဖြစ်ကြေညာလိုက်ပြီး ရွေး ကောက်ပွဲ မကျင်းပဘဲ မြို့နယ် ၁၄ ခုမှ ကြံ့ဖွတ်ကိုယ်စားလှယ် ၁၄ ဦးကိုလည်း အလိုအလျောက်အမတ်များအဖြစ် ကြေညာလိုက်သည်။

ဒီဇင်ဘာလ ၂၈ ရက်နေ့ ကျင်းပခဲ့သော မြို့နယ် ၁၀၂ ခုအနက်မှ မြို့နယ် ၂၅ ခု၏ ရွေးကောက်ပွဲရလဒ်များကို ရွေး ကောက်ပွဲ ကော်မရှင်က ကြေညာခဲ့ပြီး နေပြည်တော်မြို့နယ် ၈ ခု၊ ကချင်ပြည်နယ် မြို့နယ် ၄ ခု၊ ကယား ပြည် နယ် မြို့နယ် ၂ ခု၊ ကရင်ပြည်နယ် မြို့နယ် ၃ ခု၊ချင်းပြည်နယ် မြို့နယ် ၂ ခု၊ မွန်ပြည်နယ် မြို့နယ် ၅ ခု စုစုပေါင်း မြို့ နယ် ၂၅ ခုတို့မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒ ရလဒ်များကို ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

မြို့နယ် ၂၅ ခုတွင် မြို့နယ် ၂၄ ခုတွင် ကြံ့ဖွတ်ပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာများအားလုံးကို အနိုင်ရရှိခဲ့ပြီး ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာကို မွန်ညီညွတ်ရေးပါတီက အနိုင်သွားခဲ့သည်။

ထို့ကြောင့် နေပြည်တော်မြို့နယ် ၈ ခုတွင် ယှဉ်ပြိုင်ခဲ့သော ခင်ရီ၊ လှဆွေ၊ မောင်မြင့် ၊ ခင်မောင်ဌေး၊ မြတ်ဟိန်း၊ ဝင်းဌေး၊ မောင်မောင်အုန်း၊ တင်အောင်စန်း တို့ကဲ့သော စစ်ဗိုလ်ချုပ်ဟောင်းနှင့် စစ်အရာရှိများမှာ အနိုင်ရ အမတ်များ ဖြစ်လာကြပြီး ၎င်းတို့အားလုံး၏ မဲရလဒ်များတွင် ကြိုတင်မဲအားလုံးနီးပါးကို ရရှိခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ရွေးကောက်ပွဲ ကျင်းပခြင်းမရှိဘဲ မြို့နယ် ၁၅ ခု ၏ အလိုအလျောက် ပြည်သူ့ လွှတ်တော်အမတ် ၁၅ ဦး၏ အမည်စာရင်းများကိုလည်း ရွေးကောက်ပွဲ ကော်မရှင်က ကြေညာခဲ့ပြီး အမတ် ၁၄ ဦးမှာ ကြံ့ဖွတ်ပါတီမှ ဖြစ်ကြောင်း သိရှိရသည်။

ရွေးကောက်ပွဲ ကျင်းပခြင်းမရှိသော ကချင်ပြည်နယ်၊ နောင်မွန်း၊ မံစီ၊ ရွှေကူမြို့နယ် အပါအဝင် မြို့နယ် ၃ ခု စစ် ကိုင်းတိုင်း၊ မင်းကင်း၊ ဝန်းသို၊ မော်လိုက်၊ ကနီ၊ ဆားလင်းကြီးနှင့်ရေဦး အပါအဝင် မြို့နယ် ၆ ခု၊ တနင်္သာ ရီတိုင်း ရေဖြူနှင့်လောင်းလုံးမြို့နယ် အပါအဝင် မြို့နယ် ၂ ခု၊ မကွေးတိုင်း ဂန့်ဂေါမြို့နယ်၊ ရှမ်းပြည်နယ် မက်မန်း၊ ဖယ်ခုံနှင့်မိုးနဲ အပါအဝင် မြို့နယ် ၃ ခုတို့တွင် ကြံ့ဖွတ်ပါတီမှ လွှတ်တော်အမတ် ၁၄ ဦးက ပြိုင်စရာမလိုဘဲ အလို အလျောက် အမတ်များ ဖြစ်လာကြခြင်းဖြစ်သည်။

မိုးနဲမြို့နယ်တွင်မူ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(ကျားဖြူ)ပါတီက ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်အဖြစ် အလိုအလျောက် အမတ်ဖြစ်လာကြောင်း သိရှိရသည်။

ကြံ့ဖွတ်ပါတီက ရရှိသော ကြိုတင်မဲများအားလုံးမှာ တပ်မတော်သားများနှင့်မိသားစုဝင်များ၊ အချုပ်သားများ၊ ကျောင်းသားများ၊ သင်တန်းသားများ၊ မြို့နယ်ပြင်ပ ရောက်ရှိနေသူများ၏ ကြိုတင်မဲများဖြစ်ကြောင်း စစ်တပ် လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန် ကြေညာသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article