36 C
Yangon

ရန်ကုန်တွင် အင်္ဂလိပ်စာ သင်တန်းလာတက်နေသည့် အသက် ၂၀ နှစ်အရွယ် မောင်ရှင်းသန့်အောင်ကို စစ်တပ်က နေ့အချိန် မြို့လယ်ခေါင် ဆူးလေကားမှတ်တိုင်တွင် ပေါ်တာဆွဲ ဖမ်းဆီးသွား

Must read

ရန်ကုန်၊ ဇန်နဝါရီ ၃

ရန်ကုန်မြို့တွင် အင်္ဂလိပ်စာ သင်တန်းလာတက်နေသည့် အသက် ၂၀ နှစ်အရွယ် မောင်ရှင်းသန့်အောင်ကို စစ်တပ်က နေ့အချိန် မြို့လယ်ခေါင် ဆူးလေကားမှတ်တိုင်တွင် ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း မောင်ရှင်းသန့်အောင်၏ မိတ်ဆွေများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁ ရက်နေ့ နံနက် ၇ နာရီကျော်ဝန်းကျင်အချိန် အသက် ၂၀ နှစ်အရွယ် မောင်ရှင်းသန့်အောင်သည် သင်တန်းသွားတက်ရင်း ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ပြီး ဆူးလေကားမှတ်တိုင်အနီးတွင် ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ပျောက်ဆုံးသွားတာကတော့ ဆူးလေမှတ်တိုင်အနီးတစ်၀ိုက်မှာ ပျောက်ဆုံးသွားတာပါ။ အသိမိတ်ဆွေတွေက အနီးအနားလိုက်မေးတော့ အဲ့မနက်က ဆူးလေးနားမှာ ကားပေါ်ဆွဲတင်ခံသွားရတယ်လို့ သိရတယ်။ သူက တက္က သိုလ်ကျောင်းသားပါ။ ရန်ကုန်မှာ အင်္ဂလိပ်စာသင်တန်းလာတက်နေတာပါ” ဟု မောင်ရှင်းသန့်အောင်၏ မိတ်ဆွေတစ်ဦးက ပြောဆိုသည်။

မောင်ရှင်းသန့်အောင်၏ မိဘများနှင့် ဆွေမျိုးများမှာ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်တွင် နေထိုင်သူများဖြစ်ပြီး တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် မိဘဆွေမျိုးမှာ စစ်ဘေးရှောင် ထွက်ပြေးနေရသူများဖြစ်ကြောင်း၊ ထို့ကြောင့် မိဘဆွေမျိုးများက ပေါ်တာဆွဲခံရသော မောင်ရှင်းသန့်အောင်ကို လိုက်လံ ထုတ်ပေးရန် အခြေအနေမပေးကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်တပ်က ယခုလာမည့် ဇန်ဝါရီလလယ်တွင် စစ်မှုထမ်းအပတ်စဉ် ၂၁ ကို ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article