ဒီကနေ့ ဇန်နဝါရီ ၃ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
အကြမ်းဖက် စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲ ကော်မရှင်က ကြံ့ဖွတ်ပါတီဥက္ကဋ္ဌ ခင်ရီ အပါအဝင် ကြံ့ဖွတ်ကိုယ်စားလှယ် ၂၄ ယောက်ကို အနိုင်ရ အမတ်တွေအဖြစ် ကြေညာလိုက်တဲ့အပြင် ရွေးကောက်ပွဲ မကျင်းပဘဲ မြို့နယ် ၁၄ ခုက ကြံ့ဖွတ်ကိုယ်စားလှယ် ၁၄ ယောက်ကိုလည်း အလိုအလျောက်အမတ်တွေ အဖြစ် ကြေညာလိုက် ပါတယ်။
ရန်ကုန်တိုင်း ၁၂ မြို့နယ်မှာ ဒီဇင်ဘာလ ၂၈ ရက်နေ့ ရွေးကောက်ပွဲ အပိုင်း ၁ ဆန္ဒမဲပေးသူ ၅၀ ရာခိုင်နှုန်း အောက်သာရှိခဲ့ပြီး သက်ဆိုင်ရာ ထွေ/အုပ်ဌာန တွေက ထုချေလွှာတင်ရတယ်လို့ နေပြည်တော်ထွေ/အုပ် သတင်းရင်းမြစ်က ပြောပါတယ်။
မန္တလေးတိုင်း၊ မြင်းခြံမြို့ အမှတ် ၂၀ ရပ်ကွက်နှင့် အမှတ် ၁၅ ရပ်ကွက်မှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်ခဲ့တာကြောင့် အရာရှိ ၃ ဦး အပါအဝင် စစ်သား ၁၇ ယောက်သေဆုံးပြီး ပျူစောထီး ၃ ဦးအရှင်ဖမ်းမိခဲ့တဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။




