ရန်ကုန်၊ ဇူလိုင် ၇
မြိုင်မြို့နယ်တောင်ပိုင်းရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ခုဖြစ်သည့် နံ့သာမြေယက္ခအဖွဲ့စခန်းကို ဇူလိုင် ၅ ရက်နေ့တွင် အကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထိုး ဖျက်ဆီးခဲ့ပြီး လက်နက်ထုတ်လုပ်ရေးအတွက် လိုအပ်သည့် ပစ္စည်းအချို့ကိုပါ ဖျက်ဆီးသွားကြောင်း PDF ဒေသသတင်းရင်းမြစ်ထံမှ သတင်းရရှိသည်။
“ဆုံးရှုံးမှုတန်ဖိုး သိန်းငါးဆယ်လောက် ရှိပါတယ်။ မောင်းပြန်ဈေးက ကြီးမြင့်လွန်းတာကြောင့်ရော၊ ထောက်ပို့အားနည်းတာကြောင့်ရော အခုထိလက်လုပ်သေနတ်တွေ၊ လက်နက်ကြီးတွေကိုပဲ အားကိုးနေရပါတယ်”ဟု PDF သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သို့ ပြောသည်။
လက်ရှိအချိန်တွင် နံ့သာမြေယက္ခစခန်းပြောင်းရွှေ့ရမည်ဖြစ်၍ ထောက်ပံ့မှုများ လိုအပ်နေပြီး ထုတ်လုပ်ရေးပစ္စည်းများဖျက်ဆီးခံလိုက်ရသည့်အတွက် သေနတ်များထုတ်လုပ်သည်ထက် မိုင်းများ၊ လက်နက်ကြီးများ ထုတ်လုပ်၍ ရလျှင် ပိုမိုကောင်းမွန်မည်ဖြစ်ကြောင်း သိရှိရသည်။