ရန်ကုန်၊ ဇန်နဝါရီ ၄
မြန်မာစစ်အုပ်စုအနေဖြင့် အကြမ်းဖက်မှုများ ရပ်တန့်ရန်၊ မတရားဖမ်းဆီးထားသူများ ပြန်လည်လွှတ်ပေးရန် နှင့် ငြိမ်းချမ်းစွာ အဖြေရှာရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက တိုက်တွန်းပြောဆိုသည်။
ယနေ့ ကျရောက်သည့် မြန်မာလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ထုတ်ပြန်သော အမေရိကန်နိုင်ငံခြားရေးဝန်ကြီး၏ ကြေညာချက်တွင် အထက်ပါအတိုင်း ပြောဆိုလာခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွားနေသော အကျပ်အတည်းများနှင့် ပတ်သက်၍ အမေရိကန်ပြည်ထောင်စုအနေ ဖြင့် အလွန်အမင်း စိုးရိမ်ပူပန်မိကြောင်း၊ အမေရိကန်အနေဖြင့် စစ်အုပ်စုအား အကြမ်းဖက်မှုများ ရပ်တန့်ရန်၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို အဟန့်အတားမရှိ ရရှိစေရန်၊ မတရားဖမ်းဆီးထိန်း သိမ်းထားသူများကို ပြန်လည်လွှတ်ပေးရန်နှင့် အကျပ်အတည်းများကို ရေရှည်တည်တံ့ပြီး ငြိမ်းချမ်းစွာ အဖြေ ရှာနိုင်ရန် ဆွေးနွေးမှုများ ပြုလုပ်ရန် တိုက်တွန်းကြောင်း ၊ ဤသည်မှာ လုံခြုံစိတ်ချရပြီး သာယာဝပြောသော အင်ဒို-ပစိဖိတ် ဒေသကြီး ဖြစ်ထွန်းလာစေရန်အတွက် မရှိမဖြစ် လိုအပ်ချက်ပင် ဖြစ်ကြောင်းအမေရိ ကန် နိုင်ငံ ခြားရေးဝန်ကြီးက ဆိုသည်။
ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် မြန်မာနိုင်ငံ၏ ၇၈ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် မြန်မာပြည်သူလူထုနှင့်အတူ အမေရိကန်ပြည်ထောင်စုက ရပ်တည်ထောက်ခံကြောင်း တစ်ဖန်ပြန် လည် အတည်ပြုပြောကြားလိုကြောင်း၊ အမေရိကန်ပြည်ထောင်စုက မြန်မာပြည်သူများ၏ ငြိမ်းချမ်း၍ တရားမျှတကာ သာယာဝပြောသော အနာဂတ်ဆီသို့ သွားလိုသည့် စိတ်ပိုင်းဖြတ်မှုအပေါ် ဆက်လက်ကတိ ကဝတ် ပြု ရပ်တည်လျက်ရှိကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး၏ ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။




