32.1 C
Yangon

ပန်းတောင်းမြို့နယ်တွင် စစ်ကြောင်းကို AA ကွန်မန်ဒိုတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်မှု စစ်တပ်ဘက်မှ ဗိုလ်မှူးကြီး ၁ ဦး အပါအဝင် စစ်သား ၁၀ ဦးကျော်သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၆

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို အာရက္ခတပ်တော်-AA ကွန်မန်ဒိုတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ဗိုလ်မှူးကြီးအဆင့်ရှိသူ အပါအဝင် စစ်သား ၁၀ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း AA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၄ ရက်နေ့ နံနက် ၉ နာရီအချိန် ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးအတွင်းရှိ ၆၆၆ ကုန်း နှင့် ကပစ ၁၆ အကြား၊ မသုန်ရွာ၏အနောက် ဘက်မီတာ ၅၅၀၀ ခန့်အကွာအဝေး တွင် စခန်းချနေသော စစ်တပ်စစ်ကြောင်းကို အာရက္ခတပ်တော် ကွန်မင်ဒိုစစ်ကြောင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ စစ်တပ်စစ်ကြောင်းတွင် ပါရှိသော ကလေးမြို့အခြေစိုက်၊ စကခ ၁၀ စကခမှူး ဟုယူဆရသော ဗိုလ်မှူးကြီးအဆင့်ရှိသူတစ်ဦး၏ အလောင်းနှင့်အတူ စစ်သား အလောင်း ၁၀ ကျော်၊ လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

အဆိုပါတိုက်ပွဲမှာ ၃၅ မိနစ်ခန့်ကြာမြင့်ပြီး AA ဘက်မှ အထိအခိုက် အနည်းဆုံးဖြင့်အောင်မြင်စွာ ဆုတ်ခွာလာခဲ့ကြောင်း သိရှိရသည်။

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ၆၆၆ ကုန်းကို အာရက္ခတပ်တော်မှ ဝိုင်းရံပိတ်ဆိုဖြတ်တောက်ထားသည်မှာ ကာလ အတန်ကြာခဲ့ပြီဖြစ်ပြီး ၆၆၆ ကုန်းမှ စကမ တပ်ဖွဲများမှာ ခဲယမ်း၊ ရိက္ခာပြတ်နေသောကြောင့် နေ့စဉ်နှင့်အမျှ ထွက်ပြေးလျက်ရှိကြောင်း သိရှိရသည်။

ပန်းတောင်းမြို့နယ်အတွင်း ဇန်နဝါရီ ၁ ရက်နေ့ မှ ဇန်နဝါရီလ ၆ ရက်နေ့အတွင်း အလင်းဝင်သူ ၁​၀ ဦး ကျော်ရှိခဲ့ပြီး အာရက္ခတပ်တော်ကလည်း ၆၆၆ ကုန်းမှ လက်ကျန် စစ်တပ်ကို အမှည့်ခြွေတိုက်ခိုက်လျက်ရှိကြောင်း၊ ယင်းအပြင် နတ်ရေကန် ဗျူဟာကုန်း ကိုလည်း အာရက္ခတပ်တော်မှ ဝိုင်းရံပိတ်ဆိုထားဆဲဖြစ်ကြောင်း သိရှိရသည်။

(Facebook ၏ စည်းမျဉ်းများအရ ဖော်ပြ၍ မရနိုင်သော ဆင်ဆာ ဖြတ်တောက်ထားခြင်းမရှိသည့် စစ်တပ် ဗိုလ်မှူးကြီး၏ အလောင်းပုံ၊ စစ်သားအလောင်းပုံများကို ရန်ကုန်ခေတ်သစ်၏ တယ်လီဂရမ်တွင် သွားရောက်ကြည့်ရှုအားပေးနိုင်ကြပါကြောင်း အသိပေးအပ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article