22 C
Yangon

မုန်းမြို့ရှိ ကျေးရွာများကို စစ်တပ်က လေယာဉ်၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု ပြည်သူ ၄ ဦး သေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရကာ နေအိမ် ၃ လုံးပျက်စီး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၀

ပဲခူးတိုင်း၊ မုန်းမြို့ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေယာဉ်၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၄ ဦး သေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရကာ နေအိမ် ၃ လုံးပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

ဇန်နဝါရီလ ၈ ရက် နံနက် ၁ဝ နာရီ ၁၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က လှေဒုံးကျေးရွာအတွင်းကို လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံး လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း လှေဒုံးကျေးရွာမှ အသက် ၇၆ နှစ်အရွယ် ဒေါ်တင်မြင့် ၊ အသက် ၄၈ နှစ်အရွယ် ဒေါ်နန်းနွယ် နှင့် အသက် ၇၉ နှစ်အရွယ် ဒေါ်လှအေးတို့ သေဆုံးခဲ့ပြီး အသက် ၁၂ နှစ်အရွယ် မောင်သူရဟိန်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၃ လုံး လည်း လက်နက်ကြီး ထိမှန်ကာ ပျက်စီးခဲ့ကြောင်း၊ ထို့ပြင် ကျေးရွာနေ ပြည်သူများလည်း ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ယင်းနေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် ရွှေဝါတပ်ရင်းရှိ အကြမ်းဖက် စစ်တပ်က လက်နက်ကြီး အလုံး ၄၀ဖြင့် ပစ်ခတ်ခဲ့ရာ ကြိမ်ခါးကုန်းကျေးရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး အသက် ၃၆ နှစ်အရွယ် မညိုညိုဝင်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ဇန်နဝါရီလ ၆ ရက်နေ့တွင် ရွှေဝါတပ်ရင်းရှိ အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရွာသစ်ကျေးရွာ အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၆၂ နှစ်အရွယ် ဦးကျော်မြိုင် သေဆုံးခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်က ၎င်းတို့ ထိန်းချုပ်ရာဒေသများအတွင်း အတုယောင်ရွေးကောက်ပွဲ ပြုလုပ် နိုင်ရေးအတွက် ငြိမ်းချမ်းနေသည့်သယောင် ပြုမှုနေသော်လည်း ကော်သူးလေထိန်းချုပ်မှုနယ်မြေ များအတွင်းနှင့် တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ရာနေရာဒေသများအတွင်း နေထိုင်သော ပြည်သူများကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက် မှုများကို အဆက်မပြတ်ကျူးလွန်လျက်ရှိကြောင်း KNU ဗဟိုက ပြောဆိုထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article