မကွေးတိုင်း၊ ဂန့်ဂေါမြို့အဝင်ရှိ အကြမ်းဖက် စစ်တပ်၏ ဝီလ စစ်ဆေးဂိတ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နဂါးညီနောင်မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဇန်နဝါရီလ ၁၀ ရက်နေ့ ညနေ ၆ နာရီခန့်တွင် ဂန့်ဂေါမြို့အဝင်၌ အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်၏ ဝီလ စစ်ဆေးဂိတ်ကို တော်လှန်ရေး တပ်ဖွဲ့များက လက်နက်ကြီး ၃၂ လုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုပစ်ခတ်တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၁ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရှိသူများပြားပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။
“လက်နက်ကြီး ၃၂လုံး ထုပြီး တံတားထိပ် ထိတက်လာတဲ့ စစ်ခွေး ၃ကောင်ကိုလည်း လက်နက်ငယ်နဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့သေးတယ်။ စစ်ခွေး အင်အားက ခန့်မှန်းခြေ ၂၀ ပဲရှိမယ်။ စစ်ခွေးသေစားရင်းကတော့ စစ်ခွေး ၁ ဦးသေဆုံးတယ်လို့ သိရတယ်။ စစ်ခွေး ထိခိုက်ဒဏ်ရာရတဲ့သူတွေကို ဂန့်ဂေါမြို့ပေါ်မှာ ရှိတဲ့ နေလဆေးရုံတွင်ဆေးကုသမှုခံယူနေကြောင်းသိရတယ်”ဟု ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နဂါးညီနောင်မှ တာဝန်ရှိသူက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ဂန့်ဂေါ ခရိုင်တပ်ရင်း ၁၁ ၊ ၇ ၊ ပကဖနဂါးညီနောင် ၊ သိန်းကျားပကဖ FRF Gangaw ၊ YAတပ်ဖွဲ့နှင့်အတူ KkG ရင်း5တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။
အလားတူ စစ်ကိုင်းတိုင်း၊ ရေဦးမြို့တွင်း မြို့အဝင် ဂါဝီဂိတ်ကိုလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမူနိုင်ကြောင်း ရွှေဘိုခရိုင် တပ်ရင်း ၂၄ မှ ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဇန်န်ဝါရီလ ၁၁ ရက်နေ့တွင် ရေဦးမြို့၌ အတုအယောင်ရွေးကောက်ပွဲ ကျင်းပနေချိန် မြို့အဝင် ဂါဝီဂိတ်ကို ရွှေဘိုခရိုင် တပ်ရင်း ၂၄ မှ ရဲဘော်များက ၄၀ မမ ၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုတအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမူရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ တော်လှန်ရေး ရဲဘော်များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။
“စစ်ခွေး သေစာရင်းမရှိပါဘူး။ ကျနော်တို့အဖွဲ့အနေနဲ့ ငြိမ်မနေဘူးဆိုတာပြချင်ရုံ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ခွေးတွေနဲ့က မြင်နေရတဲ့အနေအထားပါ။ သူတို့ဘက်က ဘာမှမတုန့်ပြန်ပါဘူး။ ၄နာရီထိုးမှသာ မဲရုံပိတ်တော့မယ့်အကြောင်း ကျနော်တို့ဘက်ကို ဟွန်းနဲ့လှည့်အော်ကြတာမျိုးရှိခဲ့ပါတယ်။ ဂါဝီဂိတ်ပါဗျ မြို့အဝင်ပါ။ ထိခိုက်မှုက စုံစမ်းစစ်ဆေးဖို့မလွယ်ကူလို့ သိဖို့မလွယ်ပါ။ စစ်ခွေး အင်အားက ၅၀ ခန့်ရှိပါတယ်။ စစ်ခွေးဘက် ထိခိုက်သေဆုံးမူရှိနိုင်တယ် တကယ်လည်းရှိနိုင်ပါတယ်။ တိုက်ခိုက်ခဲ့တာ နီးကပ်မှုရှိပါတယ်။ ရွှေဘိုခရိုင်တပ်ရင်း ၂၄ ရဲ့သီးသန့်ဖော်ဆောင်တဲ့မစ်ရှင်ပါ “ဟု ရွှေဘိုခရိုင် တပ်ရင်း ၂၄ မှ ပြန်ကြားရေးတာဝန်ခံက ပြောဆိုသည်။
ထို့ပြင် မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ သရက်-မင်းတုန်းလမ်းပိုင်းတွင် မဲပုံးများ သယ်လာသည့် အကြမ်းဖက် စစ်ကြောင်း မိုင်းဆွဲ တိုက်ခိုက်ခံရကာ စစ်သား ၄ ဦး သေဆုံးသွားခဲ့ကြောင်း ဒေသနေ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
ယနေ့ ဇန်နဝါရီလ ၁၂ ရက် နံနက်ပိုင်းက မင်းတုန်းမြို့မှ အတုအယောင်မဲပုံးများကို သရက်မြို့သို့ ဆောင်ရန်အတွက် ချောဆွဲထားသည့် အရပ်သားပြည်သူ ကား ၅ စီးနှင့်အတူ စစ်ကြောင်းထိုးလာစဉ် မင်းတုန်းမြို့နယ်၊ သဖန်းကိုင်းကျေးရွာအနီးအရောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“သရက် – မင်းတုန်းလမ်းပိုင်း သဖန်းကိုင်းကျေးရွာနားမှာ မနေ့က ရွေးကောက်ပွဲမဲပုံးတွေကို သရက် မြို့ကို ပို့ဖို့လာတဲ့အချိန် PDF တပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်တာ။ ၄ ယောက် ပွဲချင်းပြီး သေတယ်။ ဒဏ်ရာရ တာတွေလည်း များတယ်။ မိုင်းဆွဲပြီးတော့ လက်နက်ငယ်တွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်သွား တာ။ ဒီနေ့မနက်မှာ တိုက်ခိုက်ခံရတာပါ။ မနေ့က မင်းတုန်းမှာ လုပ် ထားတဲ့ မဲပုံးတွေကို သရက်ကို ပို့ဖို့လာတာ။ သေတဲ့အထဲမှာ ရွေးကောက်ပွဲကော်မရှင်က လူတွေတော့ မပါဘူး။ ကားတန်းကိုလုံခြုံ ရေးယူလာတဲ့ စစ်ကြောင်းထဲက ရှေ့ကနေ ခြေလျင်တက်လာတဲ့ စခတွေ တိုက်ခိုက်ခံရတာလို့ သိရပါ တယ်” ဟု ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါ သရက် -မင်းတုန်းလမ်းပိုင်းနှင့် မင်းတုန်းမြို့ကို ထိန်းချုပ်ထားနိုင်ရေးအတွက် စစ်တပ်က လွန်ခဲ့သည့် ၅ ရက်ခန့်ကတည်းက အင်အား ၂၀၀ ကျော် ဖြန့်ကျက်နေရာယူထားကြောင်း၊ ထိုသို့ အင်အားအများအပြား ဖြန့်ကျက်နေရာယူထားသည့်ကြားမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မဲပုံး ပို့သည့် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်သွားခြင်းဖြစ်ကြောင်း သိရသည်။




