By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇူလိုင် ၈ ရက် ညနေပိုင်း ရရှိထားတဲ့သတင်းတွေကတော့
– ရှမ်းပြည်နယ်တောင်ပိုင်း ၊ ဖယ်ခုံမြို့နယ် နဲ့ ကရင်နီပြည်နယ် လွိုင်ကော် နဲ့ ဒီးမော့ဆိုမြို့နယ် တွေမှာ ရှိတဲ့ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းတွေကို ကရင်နီပူးပေါင်းတပ်ဖွဲ့တွေက ဇူလိုင်လ ၄ ရက်နေ့နဲ့ ၆ ရက်နေ့တွေမှာ ဝင်ရောက် တိုက်ခိုက်ခဲ့တဲ့အခါမှာ အကြမ်းဖက် စစ်ကောင်စီဘက်က အရာရှိတွေ အပါ အဝင် ၄၉ ဦးထက်မနည်း သေဆုံးပြီး ကရင်နီပူးပေါင်းတပ်ဖွဲ့ဘက်က ရဲဘော် ၁၁ ဦး ကျဆုံးခဲ့ တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF က ဒီကနေ့မှာ သတင်းထုတ်ပြန်လာပါတယ်။
– စစ်ကိုင်းတိုင်း ၊ ချောင်းဦးမြို့နယ်က ထွက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ် ရဲ့ အရာရှိ ၁ ဦး နဲ့ တပ်သား ၁၅ ဦးပါ ၊ ကားတစ်စီးကို ဒီကနေ့ ဇူလိုင်လ ၈ ရက်နေ့ မနက် ၉ နာရီလောက်မှာ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေကနေ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
– မန္တလေးတိုင်း ၊ တကောင်းမြို့ ၊ စစ်ကောင်စီရဲ့ အမြောက်တပ်ရင်း ၃၈၄ က တပ်သား မောင်ကောင်း ညိမ်း ဟာ တကောင်းမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Tagaung PDF) ဆီကို CDM လာရောက် ပြုလုပ် ခဲ့ပြီး ပြည်သူ့ဘက်က ရပ်တည်လာတယ်လို့ Tagaung PDF တပ်ဖွဲ့က ပြောတဲ့သတင်း အပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။