ချင်းပြည်နယ်၊ မင်းတပ်၊ မတူပီ၊ ကန်ပက်လက်နှင့် ဒိုင်ရ်ကာကွယ်ရေးတပ်ဖွဲ့ ၄ ဖွဲ့စုစည်းပြီး ချင်းပြည် သူ့တပ်မတော်အဖြစ်ဖွဲ့စည်းလိုက်ပြီး ချင်းညီနောင်အဖွဲ့ဝင်အဖြစ် ဆက်လက်ပါဝင်ကာ စစ်ရေး၊ နိုင် ငံရေးလုပ်ငန်းစဉ်များကို အရှိန်မြှ့င်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ချင်းပြည်သူ့အစည်း အရုံး/ ချင်းပြည်သူ့တပ်မတော်က ယမန်နေ့ ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ထုတ်ပြန်သည်။
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့က ချင်းညီနောင်အဖွဲ့ဝင်များဖြစ်သော မင်းတပ်မြို့ နယ်တော်လှန်ရေးဦးဆောင် ကော်မတီ/ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့/ ချင်းကာကွယ် ရေးတပ်ဖွဲ့- မင်းတပ်၊ မတူပီတော်လှန်ရေး အဖွဲ့ချုပ်/ ချင်းကာကွယ်ရေးတပ်ဖွဲ့- မတူပီ နှင့် ကန်ပက် လက်မြို့နယ်ကောင်စီ/ ကန်ပက်လက်မြို့ နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့/ ချင်းကာကွယ်ရေးတပ်ဖွဲ့- ကန်ပက်လက် တို့အပြင် ဒိုင်ရ်ဒေသန္တရ ကောင်စီ/ ချင်းကာကွယ် ရေးတပ်ဖွဲ့ – ဒိုင်ရ် တို့ကို စုစည်းပြီး ဒေသတွင်း နိုင်ငံရေးစစ်ရေး ဦးဆောင်မှုပေးရန်အတွက် ချင်းပြည်သူ့အစည်းအရုံး (Chin People’s Union)/ ချင်းပြည်သူ့တပ်မတော် (Chin People’s Army) ကို စတင်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
ချင်းပြည်သူ့အစည်းအရုံးနှင့် ချင်းပြည်သူ့တပ်မတော်က ချင်းညီနောင်အဖွဲ့ဝင် အဖြစ် တက် ကြွစွာ ဆက်လက်ပါဝင်ပြီး စစ်အာဏာရှင်စနစ်နှင့် အခြားမည်သည့် အာဏာရှင် စနစ်မဆို အပြီးတိုင်ချုပ် ငြိမ်းရေး၊ ချင်းပြည်သူလူထု၏ မွေးရာပါ အခွင့်အရေးဖြစ်သော ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေး၊ လွတ်လပ် ခြင်း၊ တန်းတူညီမျှခြင်း၊ တရားမျှတခြင်းကို ဖော်ဆောင်နိုင်မည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်လာရေးနှင့် ရည်မှန်းချက်တူညီသည့် မဟာမိတ်တော်လှန်ရေးအင်အားစုများနှင့် လက်တွဲ ကာ စစ်ရေးနိုင်ငံရေးလုပ်ငန်းစဉ်များကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိ ပေးထားသည်။
ချင်းတစ်မျိုးသားလုံးစည်းလုံးညီညွတ်ရေးနှင့် ချင်းတစ်ပြည်လုံးလွတ်မြောက်ရေးကို လိုလား ပြီး ချင်း ပြည်နယ်ရှိ တော်လှန်ရေးအင်အားစုများကို ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC) တွင် လည်းကောင်း၊ ချင်းပြည်ပူးပေါင်းကာကွယ်ရေးကော်မတီ (CJDC) တွင်လည်းကောင်း စုစည်းပါဝင်ပြီး စစ်အာဏာရှင်အား တွန်းလှန်တိုက်ထုတ်ခဲ့ကြသော်လည်း စစ်ရေးနိုင်ငံရေးအား တ ပြိုင်တည်း လုပ်ဆောင်ရာတွင် တော်လှန် ရေးကာလအတွင်း အစုအဖွဲ့တချို့မှ စစ်ရေးထက် နိုင်ငံရေး အား ပိုမိုအားစိုက်လာသည့် အခြေအနေများကြောင့် ချင်းလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း များအကြား ဝိဝါဒကွဲပြားမှုများ ဖြစ်ပေါ်ခဲ့ပြီး CJDC စုစည်းမှု ပျက်ပြယ်ခဲ့ကြောင်း ချင်းပြည်သူ့ အ စည်း အရုံး/ချင်းပြည်သူ့တပ်မတော်က ပြောဆိုထားသည်။
CJDC ပျက်ပြယ်ပြီးသည့်နောက် စစ်ရေးနိုင်ငံရေးအား လက်တွေ့ကျကျ အကောင်အထည် ဖော် ဆောင်ရွက်ရန်အတွက် ချင်းညီနောင်ကို ဖွဲ့စည်းတည်ထောင်ခဲ့ပြီး မဟာမိတ်များနှင့် လက်တွဲညီညီ ပူးပေါင်းပြီး ကျင်ဒွေးမြို့၊ မတူပီမြို့နယ်၊ မင်းတပ်မြို့နယ်၊ ကန်ပက် လက်မြို့နယ်နှင့်ဖလမ်းမြို့နယ် တို့ကို စစ်ကောင်စီ ကင်းစင်နယ်မြေဖြစ်စေရန် စွမ်းဆောင်နိုင်ခဲ့ကြောင်း သိရှိရသည်။




