By ရန်ကုန်ခေတ်သစ်
သင်္ဃန်းကျွန်း၊ မိုးမောက်၊ ကျိုက်ထို၊ ပခုက္ကူ၊ ကျောက်ဆည်၊ မြင်းခြံနှင့်ရေနံချောင်းတွင် ရဲတပ်သား၊ စစ်မှုထမ်း ဟောင်း၊ စစ်တပ်ထောက်ခံသူနှင့်သတင်းပေး၊ ရာအိမ်မှူး စုစုပေါင်း ၈ ဦး ပစ်ခတ်ခံရပြီး ၇ ဦး သေဆုံးကြောင်း ဒေသခံများထံမှ သိရှိရသည်။
ရန်ကုန်၊ သင်္ဃန်းကျွန်းတွင် စစ်တပ်သတင်းပေး ရာအိမ်မှူး ၂ ဦး အသတ်ခံရ
==========================================
ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်တွင်း စစ်တပ်အတွက် သတင်းယူပေးနေသည့် ရာအိမ်မှုးရဲထွဋ်နှင့် ဇော်ထွန်းတို့ ယမန်နေ့ နံနက်ပိုင်း လက်ဖက်ရည်ဆိုင် ထိုင်နေစဉ် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။
ဇူလိုင်လ ၇ ရက်နေ့ နံနက် ၉ နာရီခွဲအချိန် ရန်ကုန်သစ်ရပ်ကွက် အောင်ဇေယျ (၅) လမ်းထိပ်က ရွှေကျား လက်ဖက် ရည်ဆိုင်တွင် ထိုင်နေစဉ် စစ်တပ်အတွက် သတင်းပေး ရာအိမ်မှုးနှစ်ဦးပစ်ခတ်ခံရပြီး သေဆုံးသွားခြင်းဖြစ်သည်။
မိုးမောက်တွင် အငြိမ်းစား တပ်ကြပ်ကြီး ထွန်းလင်း ပစ်ခတ်ခံရပြီး သေဆုံး
=========================================
ကချင်ပြည်နယ် မိုးမောက်မြို့နယ် မိုင်းခတ်ကျေးရွာအနီး ရွှေအိမ်စည် စားသောက်ပိုင်ရှင် အငြိမ်းစား တပ်ကြပ်ကြီး ထွန်းလင်းကို ဇူလိုင်လ ၆ ရက်နေ့က အမည်မသိ သေနတ်သမားများ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး သေဆုံးခဲ့ကြောင်း နယ်မြေခံ သတင်းရင်းမြစ်များထံမှ သိရသည်။
သေဆုံးသူ အငြိမ်းစား တပ်ကြပ်ကြီး ထွန်းလင်းသည် ယာဘက်လက်ပြင် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲဘက်ခါးအထက်မှ အရှေ့ဝမ်းဗိုက်အထိ ကျည်ဖောက်ဝင် ဒဏ်ရာ ၁ ချက်တို့ဖြင့် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ပခုက္ကူမှ ပျူစောထီးစန်းထွန်းအောင် အသတ်ခံရ
===========================
ပခုက္ကူ မြို့နယ် ကိုးပင်ကျေးရွာနေ ပျူစေားထီး စန်းထွန်းအောင်ကို တိကျမှန်ကန်သော အထောက်ထားများနှင့် သတင်းအချက်အလက်များအရ ဇူလိုင် ၈ ရက်နေ့တွင် ရှေ့ပြေး ကင်းထွက်လာစဉ် ရှင်းလင်းလိုက်ကြောင်းတော်ဝင်ကာကွယ်ရေးတပ်ဖွဲ့ (R.D.F)က သတင်းထုတ်ပြန်သည်။
ကျောက်ဆည်တွင် စစ်ကောင်စီခန့် ဇရပ်ဖြူးကျေရွာအုပ်ချုပ်ရေးမှူး အောင်စိုးလင်း အသတ်ခံရ
===========================================
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်ဇရပ်ဖြူ ကျေးရွာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး အောင်စိုးလင်းသည် ဇူလိုင်လ ၇ ရက်နေ့ ညနေ ၃ နာရီတွင် ပစ်ခတ်ခံရပြီးသေဆုံးသွားကြောင်း သိရှိရသည်။
“အောင်စိုးလင်းက သူ့သမီးကျောင်းသွားကြိုရင်း ညနေ ၃ နာရီလောက် EPC ရုံး လမ်းမှာ သေနတ်နဲ့ ၄ချက်ပစ်လိုက်တယ်။ ဘယ်အဖွဲ့စည်းက လုပ်တယ်မှန်းမသိဘူး။ အလောင်းကိုတော့ ဆေးရုံသယ်သွားတယ်” ဟု ဒေသခံတစ်ဦက ပြောဆိုသည်။
ရေနံချောင်းတွင် စစ်တပ်အတွက် ရိက္ခာပေးသူ ကျော့ခိုင်း အသတ်ခံရ
=========================================
Caf-Spupdfမြေလတ်ဒေသဆိပ်ဖြူမြို့နယ်ကာကွယ်ရေးအဖွဲ့က မကွေးတိုင်း၊ ရေနံချောင်းမြို့နယ် ယာကြီးပြင်အဝင်တွင် စစ်တပ်ထောက်ခံပြီး ကျေးရွာသို့ စစ်တပ်ခေါ်ကာ ရမ်းကားသူ၊ ရေနံခိုးထုတ်သူ အသက် ၄၀ အရွယ် ကျော့ခိုင်ကို ဇူလိုင်လ ၅ ရက်နေ့ နံနက် ၁၀ နာရီ ၅၀ မိနစ်အချိန် စစ်တပ်အတွက် ထမင်းသွားပို့စဉ် ရှင်းလင်းပစ်ခတ်သဖြင့် ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရှိရသည်။
ကျိုက်ထိုတွင် ရဲတပ်သား ကျော်သက်ပိုင် အပစ်ခံရ
============================
အလားတူ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးတောင်ခြေရှိ ကင်မွန်းချောင်းကျေးရွာ၊ ကဒက်ချောင်းအနီးတွင် ရဲတပ်သား ကျော်သက်ပိုင်ကို အမည်မသိ သေနတ်သမားများက ယနေ့ ဇူလိုင်လ ၆ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Kyaikhto Revolution and Information Network အဖွဲ့ထံမှ သိရသည်။
ပစ်ခတ်ခံရသော ရဲတပ်သား ကျော်သက်ပိုင်သည် ကင်မွန်းချောင်းကျေးရွာအနီးရှိ ၎င်း၏ အမေဆိုင်တွင် ထိုင်နေစဉ် သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းဖြစ်ပြီး ခြေထောက်နှင့် ဦးခေါင်းတို့တွင် သေနတ်ကျည် ထိမှန်ကာ ကျိုက်ထိဆေးရုံသို့ ပို့ဆောင်ထားရကြောင်း သိရသည်။
” သေတယ်လို့လည်းကြားတယ်။ မသေဘူးလည်း ကြားတယ်ဗျ အတည်ပြုလို့တော့ မရသေးဘူး မနက်ဖြန်ဆိုရင်တော့သိရမှာပါ။ သေရင်တော့ နာရေးအိမ်ဖြစ်မှာပေါ့။ သူက ကင်မွန်းချောင်းအနီး စစ်ဆေးမှုတွေမှာ ပါတတ်တယ်လို့ သိရတယ်။ နယ်မြေခံ ရဲစခန်းကပဲ ဖြစ်နိုင်တယ်။
သူ့က အာဏာသိမ်းခါစ ဒါမှမဟုတ် အာဏာ မသိမ်းမှီလောက်ကမှ ရဲဖြစ်တာထင်တယ်။ ဘယ်စခန်းကဆိုတာကတော့ အတည်မပြုနိုင်သေးဘူး” ဟု Kyaikhto Revolution and Information Network အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။
မြင်းခြံတွင် စစ်တပ်သတင်းပေး ကျော့ခိုင် အသတ်ခံရ
=============================
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ရသာကျေးရွာမှ စစ်ကောင်စီသတင်းပေး သံ ချောင်း ကို ယနေ့ ဇူလိုင်လ ၈ ရက်နေ့ နံနက်ပိုင်းတွင် အမည်မသိလူတချို့က ပစ်ခတ်ရာမှ ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရှိရသည်။