ရန်ကုန်၊ ဇူလိုင် ၈
မြန်မာနိုင်ငံရှိ ဂျပန် ဆူဇူကီး ကားထုတ်လုပ်မှုများကို ဇူလိုင်လ ၁ ရက်နေ့မှစတင်၍ တရားဝင် ရပ်ဆိုင်းလိုက်ပြီး စစ်တပ်က သွင်းကုန်အတွက် ဒေါ်လာများကို ထိန်းချုပ်လိုက်မှုကြောင့် လိုအပ်သည့် ကားပစ္စည်းများ မတင်သွင်းနိုင်တော့သဖြင့် ရပ်ဆိုင်းခြင်းဖြစ်ကြောင်း ဂျပန် Asia Nikkei သတင်းဌာနက သတင်းဖော်ပြသည်။
မြန်မာနိုင်ငံတွင် ဆူဇူကီးကား ကားထုတ်လုပ်ရေး လိုအပ်သည့် အစိတ်အပိုင်းများ တင်သွင်းနိုင်ခြင်း မရှိသောကြောင့် ဂျပန်နိုင်ငံမှ ဆူဇူကီး မော်တော်ယာဉ် ထုတ်လုပ်မှုကို ဇူလိုင် ၁ ရက်က ရပ်ဆိုင်းလိုက်သည်ကို ဇူလိုင်လ ၈ ရက်နေ့တွင် ဆူဇူကီးက တရားဝင် အတည်ပြုလိုက်ကြောင်း သိရှိရသည်။
“ကျွန်တော်တို့ Stock ကုန်သွားပြီ။ ထုတ်လုပ်ရေးဌာနက ဝန်ထမ်းတွေကို အိမ်မှာ အသင့်စောင့်နေခိုင်းထားပေမယ့် သူတို့ရဲ့ အလုပ်အကိုင်ကို ကျွန်တော်တို့ ဆက်ထိန်းထားမယ်။”ဟု ဆူဇူကီး ကိုယ်စားလှယ်က ပြောသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ဆူဇူကီးစက်ရုံများကို ကိုးလကြာ ပိတ်ပစ်ခဲ့ပြီးနောက် ယခုအခါ ကားထုတ်လုပ်မှုကိုပါ ရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်။
စစ်တပ်က သိမ်းယူမှုကြောင့် နိုင်ငံခြားငွေ ပြတ်လပ်မှုနှင့် အစိတ်အပိုင်းများ တင်သွင်းရန် အခက်အခဲ ဖြစ်စေခဲ့ပြီး စစ်တပ်ကလည်း ဒေါ်လာအသုံးပြုမှုများကို ထိန်းချုပ်ခဲ့သည်။
၂၀၁၉ ခုနှစ်၊ မြန်မာနိုင်ငံတွင် Suzuki ကားစီးရေ ၁၃၀၀၀ စီးရေ ရောင်းချခဲ့ရပြီး စျေးကွက်၏ ၆၀ ရာခိုင်နှုန်း လွှမ်းမိုးနိုင်ခဲ့ကြောင်း သိရှိရသည်။
ဓာတ်ပုံ- ရန်ကုန်ရှိ Suzuki ကားထုတ်လုပ်ရေး လုပ်ငန်းခွင်။
Photo- ဂျပန် Asia Nikkei သတင်းဌာန။