ရန်ကုန်၊ ဇန်နဝါရီ ၂၂
တောင်ကိုရီးယားနိုင်ငံ ဒယ်ဂူးမြို့တွင် စစ် အာဏာသိမ်းမှု အလိုမရှိဆန့်ကျင်ဆန္ဒပြပွဲကို ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ကျင်းပခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ဆန္ဒပြပွဲတွင် နွေဦးတော်လှန်ရေးတက်ကြွလှုပ်ရှားသူ ဒယ်ဂူးဘုန်းဘုန်းက ဘုံရန်သူဖြစ်သည့်အာဏာသိမ်းစစ်ကောင်စီ ပြုတ်ကျရေးသာ အဓိကဖြစ်သည့်အတွက် ပြည်တွင်းပြည်ပတော်လှန်အင်အားစုများအနေဖြင့် စွမ်းနိုင်ရာဖြင့် တော်လှန်ရေးအောင်မြင်သည့်အထိ ဆက်လက်ပါဝင်ကြရန် တိုက်တွန်းစကားမိန့်ကြားခဲ့ကြောင်း သိရှိရသည်။






