26 C
Yangon

သီရိလင်္ကာ ဝန်ကြီးချုပ် နုတ်ထွက်ရန် ဆန္ဒရှိဟု ကြေညာ၊ သမ္မတ စစ်သင်္ဘောဖြင့် ထွက်ပြေးပြီး လုံခြုံသည့်နေရာတွင် ပုန်းအောင်း၊ သမ္မတနုတ်ထွက်ရေး တောင်း ဆိုရန် ပါလီမန် ဥက္ကဋ္ဌနှင့်နိုင်ငံရေးပါတီများ သဘောတူ

Must read

ရန်ကုန်၊ ဇူလိုင် ၉

သီရိလင်္ကာပြည်သူများက သမ္မတအိမ်တော်၊ ဝန်ကြီးချုပ်အိမ်တော်အပါအဝင် အစိုးရရုံးများကို ဝင်ရောက်စီးနင်းလိုက်ပြီးနောက် သီရိလင်္ကာဝန်ကြီးချုပ်က ၎င်းအနေဖြင့် နုတ်ထွက်ရန် ဆန္ဒရှိနေကြောင်း တရားဝင် ထုတ်ပြန်ကြေညာသည်။

နိုင်ငံရေးပါတီများအားလုံးပါဝင်သော အစိုးရတစ်ရပ် ဖွဲ့စည်းရေး လမ်းကြောင်း ဖွင့်ပေးထားပြီး ဝန်ကြီးချုပ် Ranil Wickremesinghe အနေဖြင့် နုတ်ထွက်ရန် ဆန္ဒရှိနေကြောင်း ကြေညာလိုက်ခြင်းဖြစ်သည်။

နိုင်ငံရေးပါတီခေါင်းဆောင်များက သီရိလင်္ကာ ပါလီမန်ဥက္ကဋ္ဌ နှင့် တွေ့ဆုံပြီးနောက် သမ္မတနှင့် ဝန်ကြီးချုပ်ကို နုတ်ထွက်ရေး တောင်းဆိုရန် သဘောတူညီလိုက်ကြကြောင်း သိရှိရသည်။

“ပြည်သူလူထုရဲ့ လုံခြုံရေးအတွက် အတိုက်အခံပါတီခေါင်းဆောင်တွေ ရဲ့ ပြော ဆိုချက်ကို သဘောတူညီပါတယ်” ဟု သီရိလင်္ကာဝန်ကြီးချုပ်ရုံးက ပြောသည်။

လက်ရှိတွင် သီရိလင်္ကာသည် စီးပွားရေးအကျပ်အတည်းကြုံနေရပြီး ငွေကြေးဖောင်းပွခြင်း၊ လောင်စာဆီမရှိခြင်း၊ အစားအစာပြတ်လပ်ခြင်း၊ စီးပွားရေးစနစ်တစ်ခုလုံး ပျက်စီးခြင်း၊ ဆေးဝါး အခက်အခဲဖြစ်နေခြင်း၊ ပြည်ပ ကြွေးမြီ များစွာ ရှိနေခြင်းတို့ကြောင့် ပြည်လုံးကျွတ် ဆန္ဒပြပွဲကြီးများ ပေါ်ပေါက်လာကာ သမ္မတ အိမ်တော်အပါအဝင် အစိုးရ ရုံးများကို ပြည်သူများက ဝင်ရောက်စီးနင်းသိမ်းပိုက်မှုများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article