25 C
Yangon

ပခုက္ကူ မြို့နယ်တွင် ကျေးရွာများကို ဆက်တိုက် မီးရှို့ဖျက်ဆီးနေသော စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှုရှိ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၄

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် ကျေးရွာများကို ဆက်တိုက် မီးရှို့ဖျက်ဆီးနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း Ayar Daung တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၈ ရက်နေ့တွင် မြိုင်မြို့နယ်တောင်ခြမ်း နဘုန်းကံရွာမှ ထွက်ခွာလာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဇန်နဝါရီလ ၂၂ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ပခုက္ကူမြို့နယ်၊ ကြိုးတန်းရွာကို ရောက်ရှိလာပြီး ပြည်သူပိုင် နေအိမ်များရှိ ပစ္စည်းများကို ခိုးယူပြီး ကြက်များကို သတ်ဖြတ်စားသောက်ကာ ရွာထဲ၌ ညအိပ်တပ်စွဲခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ ၂၃ ရက်နေ့ နံနက် ၆ နာရီ ၂၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကြိုးတန်းရွာကို ဝင်ရောက်စီးနင်းပြီး ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထိုသို့ မီးရှို့ဖျက်ဆီးပြီးနောက် ရွာထဲမှ ပြန်လည် ထွက်ခွာလာစဉ် တော်လှန်ရေးတပ်ဖွဲ့များက စောင့်ကြိုတိုက်ခိုက်ခဲ့ပြီး မိနစ် ၃၀ ခန့် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ် ဘက်မှ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

“စစ်ခွေးတွေက ကြိုးတန်းရွာကို မီးရှို့ပြီး ပြန်လည် ထွက်ခွာလာချိန်မှာ စောင့်ကြို တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေး သေဆုံးမှု အရေအတွက်ကိုတော့ အတည်မပြုနိုင်သေးဘူး။ တိုက်ပွဲက မိနစ် ၃၀ လောက်ပဲဖြစ်ပွားခဲ့တယ်” ဟု Ayar Daung တပ်ဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ABSDF အမှတ် ၃ စစ်ကြောင်း ၊ Student Armed Force ကျောင်းသားလက်ရုံးတပ်တော် (SAF) ၊ ကမ္မတပ်ပေါင်းစု ၊ မြို့နယ်ပြည်သူ့လုံခြုံရေး အင်အားစု (Red Giant RG) (Hunter Pakokku) (ဗိုလ်မီးတောက်) (YGF လူငယ်ပြောက်ကျားတပ်ဖွဲ့) (Pi PDF) (Tiger WarriorForce) နှင့် ခရိုင် ပကဖ တပ်ဖွဲ့ ၅ ဧရာဒေါင်းအဖွဲ့တို့က ပူပေါင်းလုပ်ဆောင်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း တော်လှန်ရေး ရဲဘော် ၂ ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့ကာ လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကမ္မမြို့ ရဲစခန်း အတွင်းရောက်ရှိနေကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article