25 C
Yangon

ကျောက်ဖြူမြို့နယ်တွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင် အသက် ၈၁ နှစ်အရွယ် အဘွားအို ၁ ဦး အပါအဝင် ၄ ဦးသေဆုံး၊ အသက် ၉ လအရွယ် ကလေးငယ် ၁ ဦးအပါအဝင် ၉ ဦး ဒဏ်ရာရ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၅

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများကို စစ်တပ်က လေ ကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အသက် ၈၁ နှစ်အရွယ် အဘွားအို ၁ ဦးအပါအဝင် ၄ ဦးသေဆုံးပြီး အသက် ၉ လ အရွယ် ကလေးငယ် တစ်ဦးအပါအဝင် ၉ ဦးဒဏ်ရာရရှိခဲ့ကြောင်း အာရက္ခတပ်တော် -AA က သတင်းထုတ်ပြန်သည်။

ယမန်နေ့ ဇန်နဝါရီလ ၂၄ ရက် မွန်းလွဲ ၁၂ နာရီ ၅၅ မိနစ်နှင့် မွန်းလွဲ ၁၂ နာရီ ၅၈ မိနစ်တို့တွင် ကျောက်ဖြူ မြို့နယ် ၊ ဇင်ချောင်းတိုက်နယ်၊ မူရွင်းကျေးရွာရှိ အထက်တန်း ကျောင်း အနီးအနားကျေးရွာ များမှ စစ်ရှောင်နေကြသော အပြစ်မဲ့အရပ်သား ပြည်သူလူထုကို အကြမ်းဖက် စစ်ကော်မရှင်တပ်က ဒရုန်း ၂ စီးဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ သိုင်းချောင်းရွာမှ လာရောက်စစ်ဘေးရှောင်နေသူ အသက် ၈၁ နှစ်အရွယ် ဒေါ်ဖြူနုမနှင့် အ သက် ၅၆ နှစ်အရွယ် ဦးမှဲဒေါင်းတို့ သေဆုံးခဲ့ကြောင်း သိရသည်။

ထို့အပြင် စိုင်ခြုံဒွိန်ကျေးရွာမှ လာရောက်စစ်ဘေးရှောင်နေသူ အသက် ၉ လအရွယ် မောင်အေးမင်း ခိုင်၊ အသက် ၃၄ နှစ်အရွယ် ဒေါ်ခင်ဆန်းဝင်း ၊ သိုင်းချောင်းကျေးရွာမှ အသက် ၅၆ နှစ်အရွယ် ဒေါ်မ မြရင်၊ ဇိုင်ချောင်းကျေးရွာမှ ဒေါ်ဘနုမ နှင့် အသက် ၆၃ နှစ်အရွယ် ဦးမောင်ကျော်တို့ ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

ထို့အပြင် ဇန်နဝါရီလ ၂၄ ရက် ညနေ ၄ နာရီ ၄၀ မိနစ်ကလည်း မူရွင်းကျေးရွာကိုပင် အကြမ်းဖက်စစ် ကော်မရှင်တပ်က ဒရုန်း ၂ စီးဖြင့် ထပ်မံ၍ ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ညနေ ၅ နာရီ ၂၀ မိနစ်တွင် လည်း ယင်းမူရွင်းကျေးရွာနှင့် ကုန်ဘောင်ကျေးရွာကို ဂျက်ဖိုက်တာတစ်စီးဖြင့် လေကြောင်းဖြင့်ပင် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ ၁၈ ရက်‌နေ့နှင့် ၁၉ ရက်နေ့တို့ကလည်း ကျောက်ဖြူမြို့နယ်၊ ကျောက်ကလေကျေးရွာ ကို အကြမ်းဖက်စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာ၊ ဒရုန်းများနှင့်သာမက ပင်လယ်ပြင်၌တပ်စွဲထား သော စစ်သင်္ဘောနေဗီများပေါ်မှ လက်နက်ကြီးများဖြင့်လည်း ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြစ်မဲ့ပြည် သူ ၂ ဦး သေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့ကာ နေအိမ်ချို့ မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

ထိုအပြင် ဇန်နဝါရီလ ၂၂ ရက်နေ့ကလည်း ကျောက်ဖြူမြို့နယ်၊ ဇင်ချောင်း ကုန်ဘွေရွာအား ဒရုန်း ၁ စီးဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အပြစ်မဲ့အရပ်သား ပြည်သူ ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ကျောက်ဖြူမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူလူထုများရှိရာ နေရာများကို အကြမ်းဖက် စစ် ကော်မရှင်တပ်က ဂျက်ဖိုက်တာ၊ ဒရုန်းများဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းတို့အား ဆက်တိုက်ပြုလုပ်လာ နေကြောင်း အာရက္ခတပ်တော် -AA က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article