25 C
Yangon

စစ်တပ်က ဖားကန့်မြို့ပေါ်ကို ပိတ်ဆို့ပြီး ရွေးကောက်ပွဲပြုလုပ်နေသော်လည်း တော်လှန် ရေးတပ်များနှင့် စစ်တပ်အကြား လက်နက်ကြီးများဖြင့် အပြန်အလှန်ပစ်ခတ်နေ၍ တစ်မြို့လုံး ဆူညံနေ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၅

ကချင်ပြည်နယ်၊ ဖားကန့်မြို့ပေါ်ကို ပိတ်ဆို့ကာ အတုအယောင်ရွေးကောက်ပွဲပြုလုပ်ရန် စီစဉ်ထား သော်လည်း စစ်တပ်တပ်စွဲထထားသော်လည်း စစ်တပ်တပ်စွဲထားရာနေရာများကို တော်လှန်ရေးတပ် ဖွဲ့များက လက်နက်ကြီးဖြင့် တိုက်ခိုက်နေကြောင်း ဖားကန့်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ဇန်နဝါရီလ ၂၃ ရက်နေ့ကတည်းက ဖားကန့်မြို့ အဝင်ပန်းတင်တံတားနှင့် ဖားကန့်မြို့လယ်ခေါင်ရှိ ကျောက်စိမ်းတောင်တံတားနေရာတို့မှ ပြည်သူများကို အဝင် အထွက် ပြုလုပ်ခွင့် မပေးတော့ဘဲ ပိတ်ချ လိုက်ကြောင်း၊ ထိုသို့ ပိတ်ဆို့လိုက်ခြင်းမှာ ဖားကန့်မြို့ပေါ်ရှိ ရပ်ကွက် ၄ ခုတွင် ယနေ့ ဇန်နဝါရီလ ၂၅ ရက်နေ့၌ အတုအယောင်ရွေး ကောက်ပွဲပြုလုပ်နိုင်ရန်အတွက် လုံခြုံရေးအကြောင်းပြထား ကြောင်း သိရသည်။

“စစ်ကောင်စီတွေက ဖားကန့်မြို့မှာ အတုအယောင်ရွေးကောက်ပွဲလုပ်ဖို့အတွက်လုံခြုံရေးပေါ့၊ ဇန်န ဝါရီ ၂၃ ရက်နေ့ညကနေ ဖားကန့်အဝင် ပန်းတင်တံတားရယ်၊ ဖားကန့်မြို့လယ်က ကျောက်စိမ်း တောင်တံတားကြီးပေါ့၊ အဲဒါကို အဝင်အထွက်လုံးဝပိတ်ချလိုက်ပါတယ်။ ဖားကန့်မြို့ပေါ် ၄ ရပ်ကွက် ပေါ့၊ အေးမြသာယာ၊ ငှက်ပျောတော၊ မြို့မ၊ မော်ဝမ်း အဲဒီ ၄ ရပ်ကွက်က ပြည်သူတွေ အဝင်အထွက် လုံးဝ လုပ်လို့မရအောင် ပိတ်ချလိုက်တာ၊ ရွေးကောက်ပွဲနေ့မှာ လူသားဒိုင်းလုပ်မယ့်သဘော၊ ပြည်သူ တွေ အဝင်အထွက်လုပ်လို့မရပိတ်ထားတာ၊ မြို့ပေါ် ကလူတွေလည်း အဝင်အထွက်လုပ်လို့မရ‌ အောင် ပိတ်ထားတယ်၊ အဓိကတော့ ဖားကန့်မြို့ပေါ် ၅ ရပ်ကွက် ရွေးကောက်ပွဲလုပ်ဖို့ကြေညာထား တာ၊ ဒါ့ပေမယ့် ဖားကန့်မြို့လယ်က တံတားကြီးပိတ်လိုက်တဲ့အတွက် ဖားကန့်မြို့က နှစ်ခြမ်းဖြစ် သွားတယ်၊ ဟိုဘက်ခြမ်း၊ ဒီဘက်ခြမ်းကူးလို့မရတဲ့ အခြေအနေဖြစ်အောင် ပိတ်ဆို့ထား လိုက်တာ၊ ဖားကန့်မြို့သူမြို့သားတွေကို လူသားဒိုင်းသဘောမျိုး ဘယ်မှ သွားလို့မရအောင် ပိတ်ဆို့ထားလိုက် တာ၊” ဟု ဖားကန့်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဖားကန့်မြို့ပေါ် ၅ ရပ်ကွက်တွင် အတုအယောင်ရွေးကောက်ပွဲကျင်းပရန် ကြေညာထားသော်လည်း မရှီကထောင်ရပ်ကွက်တွင် ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိပဲ ရပ်ကွက် ၄ ခုသာ ရွေးကောက်ပွဲ ကျင်း ပနိုင်မည့် အခြေအနေရှိကြောင်း၊ ယင်းရပ်ကွက် ၄ ခုတွင်လည်း မဲစာရင်းကောက်ယူခြင်း၊ မဲစာရင်း လိုက် ကပ်ခြင်း၊ မဲစာရင်းကြေညာခြင်း လုံးဝမရှိပဲ ဖားကန့်မြို့သို့ ရောက်ရှိနေသည့် စစ်သားများ၊ ဌာန ဆိုင်ရာဝန်များနှင့် ကြံ့ဖွတ်ထောက်ခံသူအချို့ဖြင့်သာ အတုအယောင်ရွေး ကောက်ပွဲပြုလုပ်သွားရန် စီစဉ်ထားကြောင်း သိရသည်။

“ဖားကန့်မှာက အတုအယောင်ရွေးကောက်ပွဲလုပ်မယ်လို့ ကြေညာထားပေမယ့် မဲစာရင်းကပ်တာ၊ မဲ စာရင်း ကြေညာတာ၊ မဲစာရင်းကောက်တာ ဘာမှ မရှိဘူး။ ဒီမှာရောက်နေတဲ့ စစ်ကောင်စီတပ် သား တွေ၊ ဌာနဆိုင်ရာ ဝန်ထမ်းတွေ တချို့နဲ့ ကြံ့ဖွတ်ထောက်ခံသူတွေပေါင်းပြီး ကြံ့ဖွတ်နိုင်အောင် လုပ် မယ့် အလားအလာရှိပါတယ်။ ဟန်ပြရွေးကောက်ပွဲက ဖားကန့်မြို့နယ်ရဲ့ ၃ ပုံတစ်ပုံတောင်မလုပ်နိုင် ဘူး။ ဥပမာ လုံးခင်းဘက်အခြမ်းဆိုရင် လုံးဝလုပ်လို့မရဘူး။ ယူမာ၊ ဆိုင်းတောင်ဘက်အခြမ်းဆိုရင် လည်း ရွေးကောက်ပွဲလုပ်မယ့်အထဲမှာ မပါဘူး။ မြို့ပေါ် ၅ ရပ်ကွက်ပဲ ရွေးကောက်ပွဲလုပ်မယ့် စာရင်း မှာ ပါတယ်။ အဲဒီ ၅ ရပ်ကွက်ထဲမှာလည်း မရှီကထောင်ဘက်အခြမ်းက မလုပ်ဖြစ်ဘူး။ မြို့ပေါ် ၄ ရပ် ကွက်ပဲ ဟန်ပြလုပ်မယ့် သဘောရှိ တယ်။” ဟု ဖားကန့်သတင်းရင်းမြစ်က ရှင်းပြသည်။

ယမန်နေ့ ဇန်နဝါရီလ ၂၄ ရက် ညပိုင်းကတည်းကစ၍ ယနေ့အထိ ဖားကန့်မြို့တွင် လက်နက်ကြီး ပစ်ခတ်သံတောက်လျှောက်ကြားနေရပြီး တော်လှန်ရေးတပ်ဖွဲ့များက စစ်ကော်မရှင်၏ အတုအ ယောင် ရွေးကောက်ပွဲကို ဆန့်ကျင်သည့် အနေဖြင့် စစ်သားများ တပ်စွဲထားရာ နေရာများကို တိုက် ခိုက်နေခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီ၏ တပ်မကုန်း ၊ ရခိုင်ကုန်းတို့ဘက်မှ လည်း လက်နက်ကြီးများ ဖြင့် တောက်လျှောက် ပစ်ခတ်နေကြောင်း သိရသည်။

“ဖားကန့်မှာ မနေ့ညကနေလက်နက်ကြီးသံ တောက်လျှောက်ကြားနေရတယ်၊ စစ်ကော်မရှင်ရဲ့ အတု အယောင်ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့အနေနဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေက စစ်ကောင်စီရှိတဲ့ နေရာတွေကို လက်နက်ကြီးနဲ့တောက်လျှောက်ပစ်နေတယ်၊ မနေ့ညနေ ဒီနေ့အထိပဲ။ ဖားကန့် တပ်မ ကုန်း၊ ရခိုင်ကုန်း ကနေလည်း စကမ တွေက လက်နက်ကြီးပစ်ခတ်နေတာ၊ သေနတ်သံတွေလည်း မနေ့ညကနေ ဒီနေ့မနက်အထိ ဆူညံနေတုန်းပဲ” ဟု ဖားကန့်သတင်းရင်းမြစ်က‌ ပြောဆိုသည်။

ထို့ကြောင့်ဖားကန့်မြို့နေ ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ အတုအယောင်ရွေး ကောက်ပွဲပြု လုပ်ရာ မဲရုံအနီးသွားရောက်ခြင်းမပြုကြရန်နှင့် နေအိမ်အတွင်း၌သာ နေထိုင်ပေးကြရန်လိုအပ် ကြောင်း တိုက်တွန်းထားသည်။

“အဓိကဖားကန့်မြို့နေပြည်သူတွေအနေနဲ့အိမ်ထဲမှာပဲနေကြပါ။ ပြီးလို့ရှိရင် စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲ မဲရုံနားတွေမသွားကြပါနဲ့၊ လက်နက်ကြီးနဲ့တောက်လျှောက်ပစ်နေတယ်၊ စခတွေက အဝင် အထွက်ပိတ်လိုက်တဲ့အတွက် တစ်မြို့လုံးလည်း အသွားအလာမရှိဘူး။ ဖားကန့်ပြည်သူတွေက တော့ ဘယ်သူမှ အိမ်ထဲကမထွက်ကြဘူး။ ဖားကန့်မြို့ပေါ်ရပ်ကွက်တွေ အကုန်လုံးအပြင်မထွက်ဘူး။ ဖားကန့်မှာ ဘယ်ပြည်သူမှ ရွေးကောက်ပွဲကို စိတ်မဝင်စားဘူး။ ဒါပေမယ့် ဒီနေ့မဲရုံနားကို မသွားကြဖို့ လိုပါတယ်။” ဟု ဖားကန့်မြို့ဒေသသတင်းရင်းမြစ်က တိုက်တွန်းပြောဆိုထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article