25 C
Yangon

စစ်တပ်၏ ရွေးကောက်ပွဲကို နိုင်ငံခြားက အသိအမှတ်ပြုခြင်း၊ မပြုခြင်းကို ဂရုမစိုက်ဟု အကြမ်းဖက် မင်းအောင်လှိုင် ထုတ်ပြော

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၅

အကြမ်းဖက် စစ်တပ်၏ ရွေးကောက်ပွဲကို နိုင်ငံခြားက အသိအမှတ်ပြုခြင်း၊ မပြုခြင်းကို ဂရုမစိုက်ကြောင်း အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ထုတ်ဖော်ပြောဆိုသည်။

ယနေ့ မန္တလေးတွင် မဲရုံများကို လိုက်လံ ကြည့်ရှုနေသော မင်းအောင်လှိုင်က မီဒီယာများနှင့်တွေ့ဆုံစဉ် ထိုသို့ ပြောဆိုခြင်းဖြစ်သည်။

မင်းအောင်လှိုင်က ရွေးကောက်ပွဲမှာ မြန်မာပြည်အတွင်းမှ ပြည်သူများ မဲပေးခြင်းဖြစ်ပြီး နိုင်ငံခြားမှ သူများ မဲပေးခြင်းမဟုတ်ကြောင်း၊ ထို့ကြောင့် နိုင်ငံခြား အသိအမှတ်ပြုခြင်း၊ မပြုခြင်းကို ဂရုမစိုက်ကြောင်း မင်းအောင်လှိုင်က ပြောဆိုသည်။

“မြန်မာပြည်ထဲမှာနေတဲ့ ပြည်သူတွေ မဲပေးတာလေ။ သူတို့ အပြင်က သူတွေ မဲပေးတာမဟုတ်ဘူး။ မြန်မာပြည်ထဲ ပြည်သူတွေ မဲပေးတာ။ သူတို့ ဘယ်သူပဲ ထောက်ခံထောက်ခံပေါ့။ ကြိုက်တာ ထောက်ခံလို့ရတယ်။ လာပေးတဲ့သူတွေက သူတို့ထောက်ခံချင်တဲ့သူတွေ ပါလို့ မဲလာပေးတာပေါ့။ သူတို့ထောက်ခံချင်တဲ့သူတွေ မပါဘူးဆိုရင် သူတို့ မဲလာပေးမှာမဟုတ်ဘူး။ နိုင်ငံခြားက အသိအမှတ်ပြုတာ မပြုတာ ကျနော်တို့ နားမလည်ဘူး။ ပြည်သူက မဲပေးတာ ကျနော်တို့ အသိအမှတ်ပြုမယ်” ဟု အကြမ်းဖက် မင်းအောင်လှိုင်က ထုတ် ဖော်ပြောဆိုသည်။

လူထုရွေးကောက်တင်မြှောက်ထားသော အစိုးရထံမှ အာဏာကို အကြမ်းဖက်သိမ်းယူပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ခေါင်းဆောင်များကို မတရားအကျဉ်းချထားသဖြင့် စစ်တပ်၏ ရွေးကောက်ပွဲကို အတုအယောင် ရွေး ကောက် ပွဲအဖြစ် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက ရှုတ်ချ ဝေဖန်ထား သည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေးစုံစမ်းစစ်ဆေးသူ Tom Andrews က မြန်မာနိုင်ငံတွင် ဇန်နဝါရီလ ၂၅ ရက်နေ့ နောက်ဆုံးကျင်းပပြီး ပြီးစီးတော့မည့် စစ်တပ်၏ ရွေးကောက်ပွဲကို ကမ္ဘာ့နိုင်ငံများက လုံးဝလက်မခံသင့်ကြောင်း၊ အဆိုပါရွေးကောက်ပွဲမှာ စစ်အာဏာ ဆက်ထိန်းထားရန် စီစဉ်ထားသည့် “အတုအယောင် ရွေးကောက်ပွဲ” တစ်ခုသာ ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

စစ်တပ်က ဒီဇင်ဘာလ ၂၈ ရက်နေ့ နှင့် ဇန်နဝါရီလ ၁၁ ရက်နေ့တို့တွင် ရွေး ကောက်ပွဲ အပိုင်း ၁ နှင့် အပိုင်း ၂ တို့ကို ကျင်းပခဲ့ပြီး ယင်းရွေးကောက်ပွဲတွင် စစ်တပ်လက်အောက်ခံ ကြံ့ဖွတ်ပါတီက ရာခိုင်နှုန်း ၈၀ ကျော် အနိုင်ရရှိထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article