29 C
Yangon

ဖြူးမြို့နယ်တွင် စစ်အုပ်စု ရွေးကောက်ပွဲ အပိုင်း ၃ ပြုလုပ်နေစဉ် နေရာ ၆ ခုကို ချိန်ကိုက်မိုင်းများဖြင့် ဖောက်ခွဲ တိုက်ခိုက်

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၅

ပဲခူးတိုင်း၊ ဖြူးမြို့နယ်တွင် အကြမ်းဖက် စစ်အုပ်စု ရွေးကောက်ပွဲ အပိုင်း ၃ ပြုလုပ်နေစဉ် နေရာ ၆ ခုကို ချိန်ကိုက်မိုင်းများဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း ဖြူးမြို့နယ် ပကဖမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇန်နဝါရီလ ၂၅ ရက်နေ့ နံနက် ၆ နာရီ ၂၅ မိနစ်ခန့်တွင် ဖြူးမြို့ မီးပွိုင့်နားရှိ ကမ္ဘာကျော်ဆိုင်ကယ် ပြင်ဆိုင်ရှေ့တွင် ချိန်ကိုက်မိုင်း ၁ လုံး၊ နံနက် ၆ နာရီ ၄၀ မိနသ်ခန့်တွင် ဖြူးရဲစန်း အနီး ချိန်ကိုက်မိုင်း ၁ လုံးနှင့် နံနက် ၇ နာရီ ၂၅ မိနစ်ခန့်တွင် ဖြူးမြို့ အထက ၃ ရှေ့တွင် မိုင်း ၂ လုံးတို့ဖြင့် အကြမ်းဖက် စစ်‌ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲကို အဓိက ပစ်မှတ်ထား၍ ဖြူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ယနေ့ နံနက် ၁၀ နာရီခန့်တွင်လည်း ဖြူးမြို့နယ်၊ ညောင်ပင်သာမြို့ ဘောလုံးကွင်း မြောက်ဘက် ၈ လမ်းဘေးတွင် ချိန်ကိုက်မိုင်း ၁ လုံး၊ သစ်စက်ရှေ့တွင် ၁ လုံးနှင့် မွန်းလွဲ ၁၂ နာရီ ၂၀ မိနစ်ခန့်တွင် ညောင်ပင်သာ အထက ကျောင်းရှေ့တွင် ချိန်ကိုက်မိုင်း ၁ လုံးတို့ဖြင့် ဖြူးမြို့နယ် ပကဖ တိုက်ခိုက်ရေးအဖွဲ့က ထပ်မံ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ တိုက်ခိုက်ခြင်းသည် အကြမ်းဖက် စစ်တပ်က မဲမပေးလျှင် ထောင် ၃ နှစ်ချမည်ဟု ခြိမ်းခြောက်ထားသောကြောင့် မိုင်းများ ပေါက်ကွဲလျှင် ပြည်သူများ နေအိမ်အပြင် မထွက်ရအောင် မိုင်းခွဲပေးခဲ့ခြင်းဖြစ်ကြောင်း ဖြူးမြို့နယ် ပကဖမှ တာဝန်ရှိသူက ရှင်းပြသည်။

“စစ်ခွေးတွေက မဲမပေးရင် ထောင် ၃ နှစ်ချမယ် ခြိမ်းခြောက်ထားတော့ မိုင်းကွဲရင် ပြည်သူတွေ မထွက်ရအောင် မိုင်းခွဲပေးခဲ့တာပါ။ မိုင်းကွဲတာကို ပြည်သူတွေဝမ်းသာကြလို့ မဲပေးသူနည်းသွားတယ်လို့ သိရတဲ့အတွက် အလုပ်လုပ်ရကျိုးနပ်တယ်လို့ပဲ ပြောချင်ပါတယ်” ဟု ဖြူးမြို့နယ် ပကဖမှ တာဝန်ရှိသူက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article