22 C
Yangon

မြင်းခြံမြို့နယ်ရှိ ကြံ့ဖွတ် ပါတီရုံး အပါအဝင် စစ်တပ် စစ်ကြောင်းနှင့် မဲရုံ တို့ကို ဒရုန်းဖြင့် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမူရှိ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၅

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ရှိ ကြံ့ဖွတ် ပါတီရုံး၊ ကျောက်ရုံးကြီးနှင့် ခမရ ၁၅ တပ်ရင်း အနီးရှိ လယ်သစ်ကျေးရွာ မဲရုံတို့ကို ဒရုန်းများဖြင့် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း မြင်းခြံခရိုင်အမှတ် 1848 ဒရုန်းတပ် (MDDS) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ယနေ့ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် မြင်းခြံမြို့ပေါ်ရှိ ကြံ့ဖွတ်ပါတီ ရုံးကို ဒရုန်းဖြင့် ဗုံး ၂ လုံး၊ မဲလက်မှတ် များ စုစည်းထားသော ကျောက်ရုံးကြီးကို ဗုံး ၁ လုံးနှင့် မြင်းခြံမြို့နယ် ခမရ ၁၅ တပ်ရင်းအနီးရှိ လယ်သစ်ကျေးရွာ မဲရုံတို့ကို ဒရုန်းဖြင့် ဗုံး ၆ လုံး တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ တော်လှန်ရေး ရဲဘော်များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။

“လယ်သစ်ကျေးရွာကတော့ မနေ့ကတည်းက ရွေးကောက်ပွဲ အတွက် ကင်းချတာနဲ့ လုံခြုံရေးနဲ့ စုစုပေါင်း အင်အား ၇၀ ဝန်းကျင်ခန့်လောက်ရှိတယ်။ ကျောက်ရုံးကြီးနဲ့ ဖွတ်ရုံးကတော့ စစ်ခွေးအင်အား ၃၀ လောက်ရှိတယ်။ မြို့ထဲက အဝင်ကိုမခံတာ ဖြစ်တဲ့နေရာတွေကို သတင်းတော့ အတိကျမရသေးပါဘူး။ လယ်သစ်ကတော့ ပြည်သူတွေထွက်ပြေးပြီး မဲရုံ ပိတ်လိုက်ရတယ်ပဲ သတင်းရတယ်။ စစ်ခွေးတွေဘက်ကတော့ ထိခိုက်သေဆုံးမှုရှိတယ်။ စုစုပေါင်း ဒရုန်း ၄ စီးနဲ့တိုက်ခိုက်ခဲ့တာပါ” ဟု မြင်းခြံခရိုင်အမှတ် 1848 ဒရုန်းတပ် (MDDS) မှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ် (၁၈၄၈) ဒရုန်းတပ်ဖွဲ့ (MDDS) ၊ မြင်းခြံမြို့နယ် (ပကဖ) ၊ ရေစကြိုတပ်ပေါင်းစု ၊ မြင်းခြံခရိုင်အမှတ်(၁) တပ်ရင်းနှင့် အမေ့လက်ရုံးတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။

အလားတူ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ဒါးကျွန်းကျေးရွာ နှင့် ပတ္တာကျေးရွာတို့ မီးရှို့ဖျက်စီးနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း ရေစကြိုတပ်ပေါင်းစု ပြန်ကြားရေးတာဝန်ခံ ကိုညီက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဇန်နဝါရီလ ၂၂ ရက်နေ့နှင့် ဇန်နဝါရီလ ၂၃ ရက်နေ့တို့တွင် မြင်းခြံမြို့နယ်၊ ဒါးကျွန်းကျေးရွာ နှင့် ပတ္တာကျေးရွာတို့ကို မီးရှို့ဖျက်ဆီးနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းများဖြင့် ဗုံး ၁၀ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု ရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေး အင်အားက ၂၀၀ ဝန်းကျင်ရှိပါတယ်။ စစ်ခွေးသေစာရင်းကတော့ ကျွန်တော်တို့ ဆက်လက် စုံစမ်းဆဲပါ။ ထမင်းချက်တဲ့သူ လက်မောင်းတစ်ယောက်ထိတယ် သိရတယ်။ အဲ့ပွဲမှာတော့ ဒရုန်း ၄ စီးနဲ့ အသုံးပြု တိုက်ခိုက်ခဲ့တာပါ” ဟု ရေစကြိုတပ်ပေါင်းစု ပြန်ကြားရေးတာဝန်ခံ ကိုညီက ပြောဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို ရေစကြိုမြို့နယ်တပ်ပေါင်းစု ဒရုန်းအဖွဲ့၊ မြင်းခြံခရိုင်အမှတ် ၂ တပ်ရင်း၊ မိုး‌ရှေဒါးယန် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ အမေ့လက်ရုံးပြောက်ကျားတပ်ဖွဲ့၊ Pakokku Special Test Force ဒရုန်းအဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article