28 C
Yangon

NLD အစိုးရလက်ထက် ကျန်းမာရေးဝန်ကြီးဟောင်း ဒေါက်တာ မြင့်ထွေး ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကွယ်လွန်

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၇

NLD အစိုးရလက်ထက် ကျန်းမာရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဒေါက်တာ မြင့်ထွေးသည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ဆေးကုသမှု ခံယူရင်း ကွယ်လွန်သွားကြောင်း သိရှိရသည်။

ဇန်နဝါရီလ ၂၆ ရက်နေ့ ထိုင်းဒေသ စံတော်ချိန် ညနေ ၅ နာရီ ၄၃ မိနစ်အချိန် ဒေါက်တာမြင့်ထွေးသည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဘာမင်ဂရက်ဆေးရုံတွင် ကွယ်လွန်သွားကြောင်း ညီဖြစ်သူ ဦးမင်းဟန်ထွေးက လူမှုကွန်ရက်မှတစ်ဆင့် ဖော်ပြထားသည်။

ဒေါက်တာမြင့်ထွေးသည် ကွယ်လွန်ချိန်တွင် အသက် ၇၈ နှစ်ရှိနေပြီဖြစ်ပြီး NLD အစိုးရလက်ထက်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

NLD အစိုးရလက်ထက် ကိုဗစ် ၁၉ ကပ်ရောဂါ ပြန့်ပွားနေချိန် ကိုဗစ်ရောဂါ ထိန်းချုပ် ကာကွယ်ရေးအတွက် တက်တက်ကြွကြွ ဦးဆောင်ပါဝင်ခဲ့သည်။ ၂၀၂၁ ခုနှစ် စစ်အာ ဏာသိမ်းချိန်တွင် ကျန်းမာရေးဝန်ကြီးအဖြစ်မှ နုတ်ထွက်ခဲ့သည်။

ဒေါက်တာမြင့်ထွေးသည် ကျန်းမာရေးဝန်ကြီးဌာနတွင် ၁၈ နှစ်ကြာ အလုပ်လုပ်ခဲ့ပြီး WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့တွင်လည်း ၁၆ နှစ်ကြာ အမှုထမ်းခဲ့သည်။ NLD အစိုးရလက်ထက် ပြည်သူလူထု ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍ ပြုပြင်ပြောင်းလဲရေးတွင် အဓိက ဦး ဆောင် ခဲ့သူလည်းဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article