24 C
Yangon

ဆားလင်းကြီးမြို့ပေါ်တွင် စစ်တပ် တပ်စွဲထားသော ထွေ/အုပ်ရုံးနှင့် ရဲစခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၇

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ်တွင် အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ထွေ/အုပ်ရုံးနှင့် ရဲစခန်းကို ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း Royal Tiger Force ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ဆားလင်းကြီးမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ထွေ/အုပ်ရုံးနှင့် ရဲစခန်းတို့ကို တော်လှန်ရေး တပ်ဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း၊ ထို တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်သား ၁ ဦး မျက်မြင်သေဆုံးခဲ့ပြီး ပြင်းထန်ဒဏ်ရာရသူများထဲမှ ၃ ဦး ထပ်မံ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ တိုက်ပွဲ ဖြစ်ပွားချိန်သည် အကြမ်းဖက် စစ်တပ်က ဆားလင်းကြီးမြို့နယ် အတွင်း ရွေးကောက်ပွဲ ပြုလုပ်နေချိန်ဖြစ်ပြီး မြို့ပေါ်တွင် စစ်တပ်က ရွေးကောက်ပွဲ ပြုလုပ်နိုင်ခြင်းမရှိကြောင်း၊ တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“မြို့ပေါ်မှာ စစ်ခွေး အင်အား ၁၀၀ ကျော်လောက်နဲ့ အထိုင်ချ တပ်စွဲထားတဲ့ ရဲစခန်းနဲ့ ထွေ/အုပ်ရုံးကို အဓိက ဝင်ရောက် တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေးတွေ အတုယောင် ရွေးကောက်ပွဲ ကျင်းပနေတဲ့အချိန် သွားရောက်တိုက်ခိုက်ခဲ့တာပါ။ မြို့ပေါ်မှာတော့ ရွေးကောက်ပွဲ ပြုလုပ်တာမရှိဘူး။ ယန်စီ ဘက်မှာပဲ စစ်ခွေးတွေ ရွေးကောက်ပွဲလုပ်နိုင်တယ်။ အဲတိုက်ခိုက်မှုမှာ စစ်ခွေး ၁ ကောင် မျက်မြင်သေပြီး ဒဏ်ရာပြင်းထန်တဲ့ထဲက ၃ ကောင်ထပ်မံ သေဆုံးတယ်” ဟု Royal Tiger Force ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Royal Tiger Force ပြောက်ကျားတပ်ဖွဲ့၊ ဆားလင်းကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖလက်ရုံးတပ်၊ ဆားလင်း​ကြီးမြို့နယ် ပလဖ ၊ C.D.Fချင်းတွင်းကာကွယ်ရေးအဖွဲ့၊ မျိုးဆက်သစ်လူငယ် S.P.D.F ၊ Soloအောင်ကြီး၊ SRA၊ ချင်းတွင်းဒိုင်းနမိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ BEDငညို ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article