ရန်ကုန်၊ ဇန်နဝါရီ ၃၀
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု ၅ နှစ်ကြာလာသော်လည်း အရပ်သားများကို ကျူးလွန်သည့် ကြီး လေးသော နိုင်ငံ တကာရာဇဝတ်မှုများ ဆက်လက်ဖြစ်ပွားနေကြောင်း မြန်မာနိုင်ငံဆိုင်ရာ လွတ် လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား-IIMM အကြီးအကဲ နီကိုလတ်စ်ခွန်ဂျန်က ပြောဆိုသည်။
လွန်ခဲ့သည့် ၅ နှစ် မြန်မာစစ်တပ်က နိုင်ငံ၏ ရွေးကောက်ခံအစိုးရကို ဖယ်ရှားကာ အာဏာသိမ်းခဲ့ကြောင်း၊ စစ်အာဏာ သိမ်းသည့်အချိန်မှစ၍ မြန်မာနိုင်ငံတစ်ဝန်းရှိ အရပ်သားများမှာ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုများအထိ ဆိုးရွားလှသော အကြမ်းဖက်မှုများကို ကြုံတွေ့နေရသည့် အထောက်အထားများရှိကြောင်း IIMM က ဆိုသည်။
စစ်တပ်က ရွေးကောက်ပွဲများကျင်းပခြင်းဖြင့် တရားဝင်မှုရရှိရန် ကြိုးပမ်းနေသည်ကို ဝေဖန်သူ သို့မဟုတ် ဆန့်ကျင်သူများကို စစ်အာဏာပိုင်များမှမကြာသေးမီက အကျဥ်းချခဲ့ကြောင်း၊ စစ်အစိုးရကို ဆန့်ကျင်သည်ဟု ထင်မြင်ယူဆ ချက်ဖြင့် ဥပဒေမဲ့ဖမ်းဆီးထားသည့် လူထောင်ပေါင်းများစွာထဲတွင် ယခုအခါ ရွေးကောက်ပွဲကို ဝေဖန်ပြောဆိုသူများလည်း ပါဝင်လာပြီဖြစ်ပြီး အဖမ်းခံရသူများစွာသည် ရက်စက်ကြမ်းကြုတ်သည့် နှိပ်စက်ညှဉ်းပန်းမှုများ ခံစားနေရကြောင်း၊ ဥပဒေမဲ့ဖမ်းဆီးခြင်းနှင့် အကျဉ်းထောင်အတွင်း ကျူးလွန်သည့် ရာဇဝတ်မှုများသည် နိုင်ငံတကာဥပဒေကို ပြင်းထန်စွာ ချိုးဖောက်နေပြီး၊ ထိုပုဂ္ဂိုလ်များအား ဆက်လက်ဖမ်းဆီးထားခြင်းသည် နိုင်ငံတကာဥပဒေများ ဆက်လက်ချိုးဖောက်နေကြောင်း IIMM က ထောက်ပြသည်။
စစ်တပ်က အရပ်သားများ၏ နေအိမ်များ၊ ဆေးရုံများနှင့် စာသင်ကျောင်းများကို မခွဲခြားဘဲ သို့မဟုတ် ရည်ရွယ်ချက်ရှိရှိ လေကြောင်းမှတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း၊ အမျိုးသမီးများ၊ အမျိုးသားများနှင့် ကလေးများက စစ်တပ်၏ တိုက်ခိုက်မှုကို အမြဲတမ်း ကြောက်ရွံ့နေရကြောင်း၊ ကလေးများ အပါအဝင် အသက်အရွယ်နှင့် ဂျင်ဒါပေါင်းစုံမှ လူများသည် မုဒိမ်းမှု၊ လိင်ပိုင်းဆိုင်ရာ နှိပ်စက်ညှဉ်းပန်းမှု၊အခြားလိင်နှင့်ဂျင်ဒါအခြေပြု ရာဇဝတ်မှုများ ရင်ဆိုင်ကြရသည့်အပြင် ဆာလောင်ငတ်မွတ်မှု ကြုံတွေ့နေရသော ရခိုင်ပြည်နယ်ရှိ ပြည်သူများအတွက် အရေးပေါ် လိုအပ်နေသည့် လူသားချင်းစာနာထောက်ထားမှု အကူအညီများလည်း တားဆီးပိတ်ပင်ခံနေရသည်ဟု IIMM က နိုင်ငံတကာသို့ အသိပေးသည်။
IIMM ယန္တရားက စုဆောင်းပြီး စိစစ်သုံးသပ်ထားသော အထောက်အထားအများစုတွင် မြန်မာစစ်တပ်က ရာဇဝတ်မှုများ ကျူးလွန်နေဟု ညွှန်ပြနေသလို၊ အတိုက်အခံ လက်နက်ကိုင်အဖွဲ့များကလည်း ဆိုးရွားလှသည့် အကြမ်းဖက်မှုများ ကျူးလွန်နေသည်ဆိုသော စွပ်စွဲချက်များ တိုးနေပြီး ယင်းတို့ကိုလည်း ယန္တရားက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။
IIMM ယန္တရားအနေဖြင့် ရာဇဝတ်မှုများအတွက် တာဝန်ရှိသူများ၏ တစ်ဦးချင်း ပြစ်မှုဆိုင်ရာတာဝန်ရှိမှုများကို ဖော် ထုတ်ရန် အထောက်အထားများကို စနစ်တကျ စုဆောင်းခြင်း၊ ထိန်းသိမ်းခြင်းနှင့် စိစစ်သုံးသပ်ခြင်းများကို လုပ်ဆောင်နေကြောင်း၊ ပြစ်မှုကျူးလွန်သူများက ၎င်းတို့၏လုပ်ရပ်များကို စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိထားသင့်ပြီး ၎င်းတို့အား တရားစီရင်နိုင်ရေးအတွက် ယန္တရားသည် သက်ဆိုင်ရာ တရားရေးအာဏာပိုင်များနှင့် ပူးပေါင်း ဆောင်ရွက်ရန် အသင့်ရှိနေကြောင်း ကြေညာထားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




