26 C
Yangon

ချောက်မြို့နယ်အတွင်း စစ်ကြောင်းထိုးမီးရှို့ခဲ့သော စစ်တပ်ကို တိုက်ခိုက်မှု ဗိုလ်ကြီး ၁ ဦး အပါအဝင် ထိခိုက်သေဆုံးသူများပြား၊ စစ်တပ်က ပြည်သူ ၂ ဦးကို ဖမ်းဆီး သတ်ဖြတ်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁

မကွေးတိုင်း၊ ချောက်မြို့နယ်အတွင်း စစ်ကြောင်းထိုးမီးရှို့ခဲ့သော အကြမ်းဖက် စစ်တပ်ကို တိုက်ခိုက်ရာ ဗိုလ်ကြီး ၁ ဦးအပါအဝင် စစ်သား ၂၇ ဦးသေဆုံးပြီး စစ်တပ်က ပြည်သူ ၂ ဦးကို ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း ဗမာ့တပ်တော် – BA မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ချောက်မြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်တပ်သည် ဗမာ့တပ်တော်၊ အမှတ် ၃ စစ်ဦးစီးကွပ်ကဲရေး ဒေသ၊ အမှတ် ၇၀၇ တပ်ရင်းမှ လက်ရုံးတပ်ဖွဲ့ ထိန်းချုပ်ထားသည့် နယ်မြေအတွင်းသို့ အင်အား ၁၅၀ ခန့်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာကြောင်း၊ ထို စစ်ကြောင်းကို ယင်းနေ့ နံနက် ၁၁ နာရီ ၂၅ မိနစ်ခန့်တွင် တော်လှန်ရေးတပ်ဖွဲ့ များက အသင့်စောင့်ဆိုင်းပြီး မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သားအများအပြား ထိခိုက်သေဆုံးခဲ့ကြောင်း သိရသည်။

အလားတူ ယင်းနေ့ နံနက် ၁၁ နာရီ ၄၀ မိနစ်ခန့်တွင်လည်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် တော်လှန်ရေး တပ်ဖွဲ့များက ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကြောင်း အထိနာကာ လက်နက်ကြီးပစ်ကူများဖြင့် ပြန်လည်ဆုတ်ခွာသွားကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၃ ပွင့်ဗိုလ်ကြီး ၁ ဦးအပါအဝင် စစ်သား ၂၇ ဦးသေဆုံးခဲ့ကြောင်း၊ စစ်တပ် စစ်ကြောင်းသည် ၎င်းတို့ ဆုတ်ခွာရာလမ်းရှိ ထိန်ကန်ကျေးရွာမှ ပြည်သူပိုင် နေအိမ် ၅ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

“စလေ ခလရ ၄၁၆ ၊ ချောက် ခလရ ၁၃ နဲ့ ရသစ်ရွာက ပျူစောထီးတွေပေါင်းပြီးတော့ တောင်သာလမ်းခွဲကနေ စထိုးလာတာပါ။ အခုတော့ လင့်ကန်ရွာဘက်ကို ဆုတ်သွားပြီး အဲဒီကနေ စလေကို ပြန်ဆုတ်သွားပါတယ်” ဟု ဗမာ့တပ်တော် – BA မှ တာဝန်ရှိသူက ပြောဆိုသည်။

ဇန်နဝါရီလ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ချောက်မြို့နယ် ၊ ထိန်ကန်ကျေးရွာမှ ပြည်သူ ၁ ဦးနှင့် လမ်းပြခေါ်ဆောင်လာသော ပြည်သူ ၁ ဦးကိုလည်း သတ်ဖြတ်ခဲ့ပြီး ပြည်သူပိုင်ဆိုင်ကယ်များကိုလည်း မိးရှို့ဖျက်ဆီးကာ နံနက် ၇ နာရီ ၃၀ မိနစ်ခန့်တွင် ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ဗမာ့တပ်တော် (BAMAR ARMY) ၊ အမှတ် ၃ စစ်ဦးစီးကွပ်ကဲ‌ရေးဒေသ၊ အ မှတ် ၇၀၇ တပ်ရင်း လက်ရုံးတပ်ဖွဲ့နှင့် မဟာမိတ်တပ်များပူးပေါင်းဆောင် ရွက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article