26 C
Yangon

ဆိပ်ဖြူမြို့မှ စလင်းမြို့နယ်ဘက်သို့ ရိက္ခာနှင့် ဓာတ်တိုင်များ လာရောက်ပို့ဆောင်သည့် စစ်ယာဉ်တန်းကို တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံးပြီး ၂ ဦးအလင်းဝင်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁

မကွေးတိုင်း၊ ဆိပ်ဖြူမြို့မှ စလင်းမြို့နယ်ဘက်သို့ ရိက္ခာနှင့် ဓာတ်တိုင်များ လာရောက်ပို့ဆောင်သည့် အကြမ်းဖက် စစ်ယာဉ်တန်းကို တိုက်ခိုက်ရာ စစ်သား ၆ ဦးသေဆုံးပြီး ၂ ဦးအလင်းဝင်ရောက်လာကြောင်း ပခုက္ကူခရိုင်အမှတ် ၄ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ မွန်းလွဲပိုင်းတွင် ဆိပ်ဖြူမြို့ဘက်မှ စလင်းမြို့နယ် တညောင်ဓာတ်အားခွဲရုံသို့ ရိက္ခာနှင့် ဓာတ်တိုင်များ လာရောက် ပို့ဆောင်သည့် အကြမ်းဖက် စစ်သားများ လိုက်ပါလာသော ထွန်စက် ၁ စီး ၊ Jammer ကား ၁ စီး၊ Faw ကား ၃ စီး နှင့် ဓာတ်တိုင်များ တင်ဆောင်လာသော ၁၂ ဘီးကား ၁ စီးကို တော်လှန်ရေး တပ်ဖွဲ့များက ဆိပ်ဖြူမြို့နယ်၊ မြင်ကဝကျေးရွာအနီးတွင် ကားမိုင်းအကြီး ၃ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုမိုင်းဆွဲ တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ် ယာဉ်တန်း မိုင်းဆွဲ တိုက်ခိုက်ခံရစဉ် ထွက်ပြေးလာသော စစ်မှုထမ်း တပ်သားသစ် ၂ ဦးသည်လည်း ပခုက္ကူခရိုင်အမှတ် ၄ တပ်ရင်းထံ အလင်းဝင်ရောက်ခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေး ၆ ဦးကတော့ သေဆုံးတယ်။ စစ်ခွေး အင်အားက ၆၀ကျော်မယ်။ အလင်းဝင်ရောက်လာတဲ့သူ ၂ ဦးက သေနတ်မပါဘူး။ စစ်ကိုင်းအထူးသင်တန်းကျောင်းကလို့ပြောပါတယ်။ သူတို့အပတ်စဥ်တွေတော့ မသိရသေးဘူး။ ကျနော်တို့ စစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေတုန်းပဲ” ဟု ပခုက္ကူခရိုင် အမှတ်-၄တပ်ရင်း မှ တာဝန်ရှိသူကပြောဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို ပခုက္ကူခရိုင်၊အမှတ်(၄)တပ်ရင်း တပ်ခွဲ(၂)မှ တပ်စိတ်မှူး တက်တူး ဦးဆောင်၍ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article