25 C
Yangon

စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံပျက်စီးနေပြီး အာဆီယံဘုံသဘောတူညီချက် ၅ ချက်အကောင်အထည် မဖော်နိုင်မှုတို့ကို အာဆီယံဥက္ကဋ္ဌသစ် ဖိလစ်ပိုင်နိုင်ငံသို့ တင်ပြခဲ့ဟု PNFC ဥက္ကဋ္ဌ ခွန်မြင့်ထွန်း ပြော

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂

အကြမ်းဖက် စစ်တပ်၏ အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံပျက်စီးနေပြီး အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကိုလည်း စစ်တပ်က က်အကောင်အထည် မဖော်နိုင်သည့်အခြေအနေများကို အာဆီယံဥက္ကဋ္ဌသစ် ဖိလစ်ပိုင်နိုင်ငံသို့ တင်ပြခဲ့ကြောင်း ပအိုဝ်း အမျိုးသားဖက်ဒရယ်ကောင်စီဥက္ကဌ ခွန်မြင့်ထွန်းက ပြောဆိုသည်။

ဇန်နဝါရီလ ၁၉ ရက်နေ့မှ ဇန်နဝါရီလ ၂၀ ရက်နေ့အထိ ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့တွင် အာဆီယံဥက္ကဋ္ဌသစ် ဖိလစ်ပိုင်နိုင်ငံက တိုင်းရင်းသားလက်နက်ကိုင်များနှင့် တော်လှန်ရေးအင်အားစုများကို ဖိတ်ကြားပြီး မြန်မာ့အရေး အထူး ဆွေးနွေးပွဲလုပ်ဆောင်ခဲ့ကြောင်း၊ ယင်းဆွေးနွေးပွဲသို့ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ -PNFC ၊ NUCC ၊ NUG တို့အပါအဝင် တိုင်း ရင်းသားတော်လှန်ရေးအဖွဲ့များမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း၊ ယင်းဆွေး နွေးပွဲသို့ ခွန်မြင့်ထွန်းလည်း တက်ရောက်ခဲ့ပြီး အာဆီ ယံ ဘုံသဘောတူညီချက် ၅ ရပ် အကောင် အထည်မပေါ်နိုင်မှုအပေါ် ထောက်ပြခဲ့ကြောင်း သိရှိရသည်။

“စစ်အုပ်စုမရှိရင် ပြည်ထောင်စုကြီးက ပြိုကွဲသွားမယ်။ အဲဒီစစ်အုပ်စုရဲ့လော်ဘီက နိုင်ငံတကာမှာ အတော်ထိရောက်ခဲ့ပါတယ်။ တကယ်တော့ ပြည်ထောင်စုကြီးပြိုကွဲနေတယ်၊ ပြည် ထောင်စုကြီးပျက်စီးနေတာ စစ်တပ်ကြောင့်ဆိုတာ သူတို့က ရှင်းရှင်းလင်းလင်းသိသွားပြီ။ ကျနော် တို့တိုင်းပြည်က ဘာကြောင့် ပျက်စီးနေလဲဆိုတာ စစ်တပ်ကြောင့် ပျက်နေတာ၊ သူတို့အရင်တုန်းက ထင်တာက စစ်တပ်ကို အချိန်ပြည့်ထိတွေဆက်ဆံမှ မြန်မာပြည်အတွက်ကောင်းမယ်လို့ ထင်တာကိုး။ အခုကျတော့ စစ်တပ်ကြောင့် ကျနော်တို့ တိုင်းပြည်က ပျက်နေတာကို သိလာတဲ့အခါကျတော့ ကျ နော် တို့ တော်လှန်ရေး အင်အားစုတွေကို ထိတွေ့ဆက်ဆံလာတာဖြစ်တယ်။ ကျနော်တို့ ပအိုဝ်းအပါ အဝင် တိုင်းရင်းသား အင်အားစုရဲ့လူထုလွတ်မြောက်ရေးကို အသိအမှတ်ပြုလာပြီဖြစ်တယ်။ အထူး အားဖြင့် ဒီနေ့ လူထုနွေဦးတော်လှန်ရေးကြီးကို အသိအမှတ်ပြုလာပြီ။ အဲဒီအတွက်ကျနော်တို့ကို ဖိတ် ကြားတာဖြစ်တယ်။” ဟု ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီဥက္ကဌ ခွန်မြင့်ထွန်းက ပြောကြား သည်။

အာဆီယံက ဘုံသဘောတူညီချက် ၅ ချက် အကောင်အထည်မဖော်နိုင်မှုအပေါ် မြန်မာ့အရေးဆွေးနွေးပွဲတွင် မေးမြန်းခဲ့ပြီး တော်လှန်ရေးအင်အားစုများကလည်း အားနည်းချက်များကို ထောက်ပြခဲ့ကြကြောင်း သိရှိရသည်။

“သူတို့သိချင်တာက အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်က ဘာဖြစ်လို့ အကောင်အထည်ဖော်တဲ့ အခါမှာ နှောင့်နှေးတာလဲ။ အဲဒီတော့ ကျနော်တို့က ပွင့်ပွင့်လင်းလင်းတင်ပြတာကတော့ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်က ကျနော်တို့ တိုင်းပြည်ရဲ့ ပြသနာ ဖြေရှင်းရေးအတွက် ပြည့်စုံတာ မ ဟုတ်ဘူး။ ဒါပေမယ့် ဒါကို အခြေခံထားတာ ကျနော်တို့လည်း ထောက်ခံတယ်။ အခုသူတို့ရဲ့ ဘုံ သ ဘော တူညီချက် ၅ ချက်ကတော့ ယေဘူယျဆန်တယ်။ မပြည့်စုံ ဘူး။ တိုင်းဖရိန် မရှိဘူး။ ဘယ်နှစ် မှာ ဘယ်အကန့်အသတ်နဲ့ဘာလုပ်ဆိုတဲ့ ဆုံးဖြတ်ချက် သူတို့ မလုပ်ဘူး။” ဟု ပအိုဝ်း အမျိုးသား ဖက်ဒရယ်ကောင်စီဥက္ကဌ ခွန်မြင့်ထွန်းက ပြောဆိုသည်။

အလားတူ အမျိုးသားညီညွတ်ရေးအစိုးရကလည်း အာဏာသိမ်းစစ်ကော်မရှင်၏ အကြမ်းဖက်မှုများ ရပ်တန့်စေရေးအတွက် အာဆီယံက ချမှတ်ထားသည့် ဘုံသဘောတူညီချက် ၅ရပ်ကို ကျော်လွန်ပြီး ရှင်းလင်းပြတ်သားသည့် စံနှုန်းများ ချမှတ်ရန် လိုအပ်နေကြေင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG က ကြေညာချက်တစ်ရပ် ထုတ်ပြန်ပြောဆိုထားသည်။

ယခုနှစ် အာဆီယံဥက္ကဋ္ဌ၏ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအခြေခံများကို အကောင်အထည်ဖော် နိုင်ရေး အာဆီယံ ဘုံသဘောတူညီချက် ၅ရပ်ကို ထပ်လောင်းအတည်ပြုနေရာမှ ကျော်လွန်ပြီး အကြမ်းဖက်မှုများ ရပ်တန့်ရေးအတွက် ရှင်းလင်းပြတ်သားပြီး တိုင်းတာနိုင်သည့် စံနှုန်းများ ချမှတ်နိုင်ရေး မဖြစ်မနေ ဆက်လက်လုပ်ဆောင်ရန် လိုအပ်ကြောင်းNUG က ထောက်ပြထားသည်။

Philippine Foreign Secretary Theresa Lazaro delivers her speech during the Association of Southeast Asian Nations (ASEAN) Foreign Ministers’ Retreat in Cebu, Philippines Thursday, Jan. 29, 2026. (AP Photo/Jacqueline Hernandez, Pool)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article