33 C
Yangon

ဝေါမြို့နယ်နှင့် မြိုင်မြို့နယ်တို့တွင် စစ်တပ် တပ်စွဲထားသော နေရာနှင့် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂

ပဲခူးတိုင်း၊ ဝေါမြို့နယ်တွင် အကြမ်းဖက် စစ်တပ် အထိုင်ချ တပ်စွဲထားသော နေရာနှင့် ပျူစောထီးခေါင်းဆောင် နေအိမ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Bago District People’s Defense Organization – ပဲခူးခရိုင် ပကဖ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဝေါမြို့နယ်၊ လက်ပံရွာရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော လက်နက်ကြီး ပစ်ခတ်သည့် နေရာနှင့် ပျူစောထီးခေါင်းဆောင် အောင်ကြီးနေအိမ်ကို တော်လှန်ရေး တပ်ဖွဲ့များက လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှု အတွင်း စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

“အဲရွာမှာ စစ်ခွေးနဲ့ ပျူစောထီး အင်အား ၄၀လောက်ရှိတယ်။ ထိခိုက်ပျက်စီးမှု အခြေအနေကိုတော့ အတိအကျ မသိရသေးဘူး” ဟု Bago District People’s Defense Organization – ပဲခူးခရိုင် ပကဖ မှ တာဝန်ရှိသူက ပြောဆိုသည်။

ထို့ပြင် မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ အိုရင်းရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာသော အကြမ်းဖက် စစ်တပ်က တော်လှန်တပ်ဖွဲ့များမှ ထောင်ထားသော သေတ္တာမိုင်းကို ဖွင့်ကြည့်ရာမှ ပေါက်ကွဲမှုဖြစ်ပွားပြီး စစ်သား ၅ ဦး သေဆုံးခဲ့ကြောင်း 8+ အညာမြေစစ်ဆင်ရေး အဖွဲ့က ထုတ်ပြန်ထားသည်။

ဇန်နဝါရီလ ၃၁ ရက်နေ့တွင် မြိုင်မြို့နယ်၊ အိုရင်းရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာသော အကြမ်းဖက် စစ်တပ်သည် 8+ အညာမြေစစ်ဆင်ရေးအဖွဲ့၏ တပ်စခန်းကို ဝင်ရောက်စီးနင်းခဲ့ကြောင်း၊ ထိုသို့ ဝင်ရောက်စီးနင်းစဉ် တော်လှန်းရေးတပ်ဖွဲ့များ ထောင်ထားခဲ့သည့် သေတ္တာမိုင်းကို ဖွင့်ကြည့်ရာမှ ပေါက်ကွဲမှု ဖြစ်ပွားပြီး စစ်သား ၃ ဦးသည် နေရာတင် ပွဲချင်းပြီး သေဆုံးကာ ကျန် ၂ ဦးသည် အိုရင်းရွာထဲအရောက်တွင် ထပ်မံသေဆုံးသွားခဲ့ကြောင်း၊ စစ်သား ၃ ဦးမှာလည်း ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် 8+ အညာမြေစစ်ဆင်ရေးအဖွဲ့၏ တပ်စခန်းမှ ဖောက်ခွဲရေးပစ္စည်းများနှင့် ယူနီဖောင်း၊ ထုတ်လုပ်ပစ္စည်းများ၊ ငွေကျပ်သိန်း ၁၀၀ ခန့်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး အိုရင်းရွာဘုန်းကြီးကျောင်းမှ ဆန်အိတ်များကိုလည်း ကား ၄ စီးဖြင့် ယူဆောင်သွားကြောင်း၊ 8+ အညာမြေစစ်ဆင်ရေး အဖွဲ့အနေဖြင့် ပြည်သူနှင့် တသားတည်း အမြဲရပ်တည်နေပြီး ထောက်ပံ့ကူညီသူများကိုလည်း ကျေးဇူးအထူးတင်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article