By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဖေဖော်ဝါရီ ၅ ရက် ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-ရှမ်းပြည်နယ်မှာ တရားမဝင်ကုန်သွယ်ရေးနဲ့ စီးပွားရေးအမှုတွေနဲ့ ရာထူးချ အဖမ်းခံထားရတဲ့ အရှေ့ပိုင်းတိုင်း တိုင်းမှူးဟောင်း ဗိုလ်ချုပ်နိုင်ဇော်ဦးကို ထောင်ဒဏ် နှစ် ၂၀ ချမှတ်လိုက်တယ်လို့ စစ်ဘက်သတင်းရင်းမြစ်တွေကို ကိုးကားကာ CDM ဗိုလ်ကြီးဇင်ယော်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
အကြမ်းဖက်မင်းအောင်လှိုင်က ဖွဲ့စည်းမယ့် ပြည်ထောင်စုအတိုင်ပင်ခံကောင်စီမှာ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေရေး အစီအမံဖြစ်တဲ့အတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး လက်မခံကြဖို့ လိုအပ်တယ်လို့ မြန်မာနိုင်ငံရှေ့ နေများကောင်စီက တိုက်တွန်းလိုက်ပါတယ်။
မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်မှာ ရဲစခန်းနဲ့ စစ်ယာဉ်တန်းတွေကိုတိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်က အယောက် ၂၀ ထိခိုက်သေဆုံးခဲ့တယ်လို့ ဗမာပြည်ကာကွယ်ရေးတပ် – USBA မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
ဂျပန်နိုင်ငံမြောက်ဘက်ပိုင်းဒေသတွေမှာ နှစ်ပတ်ကြာအောင် အပြင်းအထန်ကျခဲ့တဲ့ နှင်းတွေကြောင့် လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်၊ အိမ်တွေ ပြိုကျပြီး လူပေါင်း ၃၅ ဦးအထိ သေဆုံးခဲ့ရတဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။




