26 C
Yangon

ကျောက်ကြီးယနေ့တိုက်ပွဲ တပ်ရင်းမှူး ၁ ဦးအပါအဝင် စစ်သား ၁၀ ဦးသေဆုံး၊ ဇွန်လ ၂၅ ရက်မှ ယနေ့အထိ စစ်အရာရှိ ၅ ဦးနှင့် ရဲအရာရှိ ၂ ဦး အပါအဝင် စစ် သား ၆၀ နီးပါး သေဆုံး၊ မတူပီတွင် စစ်သား ၂ ဦးသေ

Must read

ရန်ကုန်၊ ဇူလိုင် ၁၁

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ အင်းနက်ရွာတွင် ဇူလိုင် ၁၁ ရက်နေ့ နံနက် ၃ နာရီမှစပြီး စစ်ကောင်စီတပ်နှင့် KNU တပ်များ တိုက်ပွဲပြင်းထန်ကာ တပ် ရင်းမှူး ၁ ဦး အပါအဝင် စစ်သား ၁၀ ဦး သေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ “ရိုးမ”ပဲခူးတိုင်း၊တပ်ရင်း ၃၇၀၂၊ BPDF-Yomaမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယနေ့ မနက် ဇူလိုင် ၁၁ ကျောက်ကြီး အင်းနက် တိုက်ပွဲတွင် စကစ ၁၀ ကောင်ကျော်သေဆုံးပြီး ကျောက်ကြီးဆေးရုံတွင် စစ်သား ၁၀ ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း၊ သေဆုံးသူ ၁၀ ဦးတွင် တပ်ရင်းမှူး ၁ ဦးပါဝင်ကြောင်း ယခုအချိန်အထိ စစ်တပ်က နတ်သံကွင်း ကျောက်ကြီးကြားမှ လက်နက်ကြီးဖြင့် အင်းနက်ရွာနားကို လှမ်းပစ်ခတ်နေကြောင်း သိရှိရသည်။

“ဇွန် ၂၅ ရက်နေ့ကတည်းက ထိတွေ့တိုက်ပွဲစဖြစ်တာ ယနေ့ အင်းနက် တိုက်ပွဲအထိ စစ်ကောင်စီဘက်မှ အရာရှိ တပ်ရင်းမှူး အပါအဝင် အရာရှိ ၅ ဦး၊ ကျန်အဆင့်စစ်သား ၅၀ကျော်၊ ရဲ အရာရှိ ၂ ဦးနဲ့ သာမန်အဆင့်ရဲ တဦး သေပါတယ်။ KNU တပ်မဟာ ၃ နယ်မြေ မုန်း ကျောက်ကြီး ရွှေကျင် ပါ” ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ “ရိုးမ”ပဲခူးတိုင်း၊တပ်ရင်း ၃၇၀၂၊ BPDF-Yoma မှ တာဝန်ရှိသူက ဆိုသည်။

စစ်တပ်က ပြည်သူ ၁၀ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ ၁၀ ဦးထိမှန်ဒဏ်ရာရရှိထားကြောင်း၊ ပြည်သူများအနေဖြင့် လက်နက်ခဲယမ်းများအတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ “ရိုးမ”ပဲခူးတိုင်း၊တပ်ရင်း ၃၇၀၂၊ BPDF-Yoma သို့ လှူဒါန်းနိုင်ကြောင်း ပြောဆိုသည်။

“ရိုးမကျားတွေ ရရာ လက်နက်နဲ့ ဒဲ့ချနေတယ်။ အမျိုးတွေနဲ့တွဲပြီး ချနေကြတယ်။ လက်နက်ခဲယမ်း ပြည်သူတွေ ကူညီ ထောက်ပံ့ကြပါ” ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ “ရိုးမ”ပဲခူးတိုင်း၊တပ်ရင်း ၃၇၀၂၊ BPDF-Yomaမှ တာဝန်ရှိသူက ဆိုသည်။

အလားတူ ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ စောင်ထီးကျေးရွာနှင့် လုံတွမ်းကျေးရွာကြားမှာ ဇူလိုင်လ ၁၁ ရက်နေ့၊ နံနက် ၉ နာရီ ၅၀ မိနစ်အချိန်ခန့်က CDF-Matupiနှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးကာ ၂ ဦးထက်မနည်းဒဏ်ရာရရှိကြောင်း CDF-Matupiက သတင်းထုတ်ပြန်သည်။

ဓာတ်ပုံ- KNLA တပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article