By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဖေဖော်ဝါရီ ၉ ရက် ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
ကုလသမဂ္ဂနှင့်လက်အောက်ခံအဖွဲ့တွေက မြန်မာစစ်တပ် ကို အသိအမှတ်မပြုဘဲ မြန်မာအမြဲတမ်းကိုယ်စား လှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကလည်း သစ္စာဖောက်သွားတာကြောင့် အထွေထွေညီလာခံနိုင်ငံရေး စင်မြင့်မှာ ပြော ရေးဆိုခွင့်ဆုံးရှုံးနေ ရတယ်လို့ အကြမ်းဖက် မင်းအောင်လှိုင်က ထုတ်ပြောလာပါတယ်။
-ဖာပွန်မြို့နယ်မှာ အကြမ်းဖက် စစ်တပ်ဗျူဟာကုန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်တွေက အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက် နေတယ်လို့ KNU နှင့် PDF စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ခဲ့တာ ကြောင့် စစ်သား အယောက် ၂၀ သေဆုံးခဲ့တယ်လို့ The Phoenix Army (MTG) အဖွဲ့ ရဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
ဖေဖော်ဝါရီလ ၈ ရက်နေ့ ပြုလုပ်ခဲ့တဲ့ ဂျပန်နိုင်ငံ ရွေးကောက်ပွဲမှာ လက်ရှိ အမျိုးသမီးဝန်ကြီးချုပ် တာကာအီချီ သမိုင်းဝင် အပြတ်အသတ်အနိုင်ရရှိသွားတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။




