26 C
Yangon

နတ်တလင်းမြို့နယ်တွင် စစ်တပ် စစ်ကြောင်းက ကျေးရွာ ၄ ခုကို ဆက်တိုက် မီးရှို့ဖျက်ဆီး၊ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၉

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ကျေးရွာ ၄ ခုကို ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ပြီး ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဖေဖော်ဝါရီလ ၉ ရက်နေ့မှ စတင်ပြီး နတ်တလင်းမြို့နယ် အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်သည် အိမ်သုံးဆယ်ရွာ၊ ဥယာဉ်စုရွာ၊ ဘန်ကောက်တန်းရွာနှင့် တာခွရွာတို့ကို ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့ပြင် ကျေးရွာနေပြည်သူများသည်လည်း ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ၎င်းတို့ မီးရှို့ဖျက်ဆီးခဲ့သော ကျေးရွာများမှ ပြန်လည် ဆုတ်ခွာသွားသော်လည်း နောက်ကျန်စစ်ကြောင်းများ ကျန်ရှိနေမည်ကို စိုးရိမ်သောကြောင့် ပြည်သူများ ဆက်လက် တိမ်းရှောင်နေရဆဲဖြစ်ကြောင်း၊ ထို စစ်တပ် စစ်ကြောင်းကြောင့် ဒမငယ်ရွာ၊ အိမ်သုံးဆယ်ရွာ၊ မင်းဘူးကျွန်းရွာ၊ ဥယာဉ်စုရွာ၊ ဘန်ကောက်တန်းရွာနှင့် တာခွရွာမှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ တိမ်းရှောင်နေရကြောင်း သိရှိရသည်။

“ဒီနေ့ စစ်ခွေး စစ်ကြောင်းက နတ်တလင်းမြို့နယ်ထဲက ကျေးရွာ ၄ ခုကို ဆက်တိုက် မီးရှို့ဖျက်ဆီးသွားတာ ပြည်သူတွေလည်း ရွာလုံးကျွတ်ကို တိမ်းရှောင်နေရတယ်။ နေအိမ်ပျက်စီးမှု အခြေအနေကိုတော့ အတည်မပြုနိုင်သေးဘူး။ စစ်ခွေးစစ်ကြောင်းက ပြန်ဆုတ်သွားပြီလို့ သိရပေမယ့် အခုထိတော့ ပြည်သူတွေ ရွာတွေကို မဝင်ရဲကျသေးဘူး။ စစ်ခွေးနောက်ကျန် စစ်ကြောင်းတွေ ရွာထဲမှာ ကျန်ခဲ့မှာကို စိုးရိမ်နေကြတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် ဖေဖော်ဝါရီလ ၇ ရက်နေ့ကလည်း ပေါင်းတည်မြို့နယ်၊ ကျွဲတဲကြီးကျေးရွာအနီး ဆည်ဘောင်ပေါ်တွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က ၁၂၀ မမ လက်နက်ကြီး ၁၂ လုံး၊ ဒရုန်းများဖြင့် နတ်တလင်းမြို့နယ်အတွင်းကို ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျည်များသည် ကံသာယာကျေးရွာ အပါအဝင် အနီးအနားရှိ ကျေးရွာများကို ကျရောက် ပေါက်ကွဲခဲ့ပြီး ပြည်သူ ၁၀ ဦး ထိခိုက်ဒဏ်ရာရကာ ၄ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article