26 C
Yangon

တောင်ငူမြို့နယ်တွင် နေပူကုန်းရွာ အုပ်ချုပ်ရေးမှူး စိန်မြင့် ပစ်ခတ်ခံရပြီး သေဆုံး၊ ကောလင်းတွင် စစ်တပ်မှ တပ်ကြပ်ကြီး ၁ ဦးကို အရှင်ဖမ်းမိ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၉

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်တွင် နေပူကုန်းရွာ အုပ်ချုပ်ရေးမှူး စိန်မြင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီ ၆ ရက်နေ့တွင် တောင်ငူမြို့နယ်၊ နေပူကုန်းရွာ အုပ်ချုပ်ရေးမှူး စိန်မြင့်ကို တော်လှန်ရေး တပ်ဖွဲ့များက ၎င်းနေအိမ်အတွင်း ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ပွဲချင်းပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ သေဆုံးသွားသော စိန်မြင့်သည် ပြည်သူများထံမှ စစ်မှုကြေး လစဉ်ကောက်ခံခြင်း၊ ကျေးရွာနေပြည်သူကို နည်းမျိုးစုံဖြင့် ဖိနှိပ်နေသူဖြစ်ကြောင်း သိရသည်။

“စိန်မြင့်ပစ်ခံရတာက မှန်ပါတယ်။ ဘယ်ဖွဲ့က ပစ်တယ်ဆိုတာတော့ ကျနော်တို့လည်း မသိသေးဘူး။ သူ့နေအိမ်မှာပဲ ပစ်ခတ် တိုက်ခိုက်တာလို့ သိရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး တောင်ငူမြို့နယ်အတွင်းရှိ လက်နက်ကိုင်တော်လှန်ရေး တပ်ဖွဲ့များက တရားဝင် ထုတ်ပြန်ထားခြင်းမရှိသေးဘဲ ဖြစ်စဉ် အသေးစိတ်ကို သိရှိနိုင်ရန် ရန်ကုန်ခေတ်သစ် သတင်းဌာနက ဆက်သွယ်မေးမြန်းလျက်ရှိသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ် ဝန်းသိုအခြေစိုက် ခမရ ၁၂၀ တပ်ရင်းမှ တပ်ကြပ်ကြီး ၁ ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း ဒေသတော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်ခန့်တွင် ကောလင်းမြို့နယ် ဝန်းသိုအခြေစိုက် ခမရ ၁၂၀ တပ်မ မှ တပ်ကြပ်ကြီး ထူးထူးနိုင်ကို ဒေသတော်လှန်ရေး တပ်ဖွဲ့များက ကျောက္ကာကျေးရွာအနီးတွင် အရှင်ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

“မနေ့က မနက်ကလည်း ညောင်ပင်သာဘက်မှာ တိုက်ပွဲဖြစ်တယ်။ စစ်တပ်ဘက် အထိနာတယ်။ အင်အား ၁၂၀ လောက်နဲ့ မြို့ထဲကနေ တောင်ဘက်ကို ထွက်တာ။ ညောင်ပင် သာရွာဘက်မှာ တိုက်ပွဲဖြစ်တယ်။ စစ်ကြောင်းထဲကနေ ကွဲထွက်လာတဲ့ စစ်ခွေးတွေကတော့များတယ်။ ဒါပေမယ့် တစ်ယောက်ပဲမိတာ” ဟု ဒေသတော်လှန်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article