ရန်ကုန်၊ ဇူလိုင် ၁၂
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် မြို့မရဲစခန်းကို ရိက္ခာလာပို့သည့် Hiject ကားဖြူ ၂ စီးကို ဇူလိုင်လ ၁၁ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် PDF တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃ ဦးခန့် သေဆုံးခဲ့ကြောင်း DMO-LPDF တပ်ဖွဲ့ထံမှ သိရသည်။
အဆိုပါ ရိက္ခာတင် ကား ၂ စီးကို ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို(DMO- LPDF) ဗျူဟာ(၃)မှ C ၊ D၊ E တပ်ရင်းနှင့် အလယ်ပိုင်းတိုင်း (၁၁၀၂) တို့မှ ပူးပေါင်းကာ ကြားဖြတ် တိုက်ခိုက်ခဲ့ပြီး ၃၀ မိနစ်ခန့် ကြာမြင့်ခဲ့ကြောင်း သိရသည်။
ယင်း ထိတွေ့တိုက်ပွဲတွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဘက်မှ ၃ ဦးခန့် သေဆုံးခဲ့ပြီး တိုက်ပွဲမှာ ပြင်းထန်ခဲ့ကာ မြို့မ ရဲစခန်းအတွင်းမှ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ကူပေးခဲ့ပြီး ရဟတ်ယာဥ် ၁ စီးဖြင့်လည်း ကင်းထောက်မှုများပါ ပြုလုပ်ခဲ့သော်လည်း PDF ရဲဘော်များ ထိခိုက်မှုမရှိဘဲ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
Photo – ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO- LPDF) တပ်ဖွဲ့ဝင်များ