By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဖေဖော်ဝါရီ ၁၀ ရက် ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-KIO ဒုတိယဥက္ကဋ္ဌ (၁) ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်ကတော့ ကချင်ယူနစ်၊ နာဂယူနစ်၊ ချင်းယူနစ်နဲ့ က သုံးလုံးအပါအဝင် မြန်မာနိုင်ငံမြောက်ပိုင်းတစ်ခုလုံးကို တည်ငြိမ်အောင်ထိန်းချုပ်နိုင်ရေးက စစ်ရေးရည်မှန်းချက်ဖြစ်ပြီး မြောက်ပိုင်းတစ်ခုလုံး တည်ငြိမ်သွားရင် အောက်ပိုင်းတစ်ခုလုံးကိုလည်း ဆက်ပြီး ထိန်းချုပ်နိုင်မယ်လို့ ယုံကြည်ထားတယ်လို့လည်း KIO ဒုတိယဥက္ကဋ္ဌ ၁ ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်က ပြောဆိုလိုက်ပါတယ်။
ကချင်ပြည်နယ် မြစ်ကြီးနားမှာရှိတဲ့ လေတပ်စခန်းဌာနချုပ်ရဲ့ ရေဒါစခန်းတစ်ခုကို KIA က ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တယ်လို့ KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောပါတယ်။
မြန်မာနိုင်ငံတစ်ဝန်းမှာရှိတဲ့ စက်သုံးဆီဆိုင်အားလုံးကို ဆီအဝင်အထွက်တွေကို တိုက်ရိုက်စောင့်ကြည့် နိုင်မယ့် Real-Time Software စနစ်ကို မဖြစ်မနေတပ်ဆင်ခိုင်းဖို့အတွက် မနေ့က ဖေဖော်ဝါရီ ၉ ရက်နေ့မှာ နေပြည်တော် စွမ်းအင်ဝန်ကြီးဌာနကနေ အစည်းအဝေးတစ်ခု ခေါ်ယူခဲ့တယ်လို့ သိရပါ တယ်။ ဒါပေမယ့် ဒီစီမံချက်ဟာ ဌာနဆိုင်ရာအရာရှိတွေနဲ့ နည်းပညာကုမ္ပဏီတွေ လက်ဝါးချင်းရိုက်ပြီး ကိုယ်ကျိုးစီးပွားအတွက် စားပေါက်ထွင်နေကြတာဖြစ်တယ်လို့ စက်သုံးဆီ လောကအတွင်းကနေ စုံစမ်းသိရှိရပါတယ်။
အမေရိကန်ဘက်က တရုတ်နိုင်ငံဟာ နျူကလီးယားစမ်းသပ်မှုတွေကို လျှို့ဝှက်လုပ်ဆောင် နေတယ်လို့ စွပ်စွဲလိုက်တဲ့အပေါ် တရုတ်အစိုးရက ဒါဟာ “လုံးဝအခြေအမြစ်မရှိတဲ့ မုသားစကားတွေ” ဖြစ်တယ်လို့ ဖေဖော်ဝါရီ ၉ ရက်နေ့မှာ တုံ့ပြန်လိုက်တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။




