28 C
Yangon

ထန်တလန်မြို့နယ်၊ တလန်ခွါရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၆ ဦးသေဆုံးပြီး ကလေးငယ်တချို့ အပါအဝင် ထိခိုဒဏ်ရာရရှိသူများပြား

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ တလန်ခွါရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၆ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိများလည်းရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က ထန်တလန်မြို့နယ်၊ တလန်ခွါရွာကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို တိုက်ခိုက်မှုအတွင်း ကျေးရွာနေ ပြည်သူ ၆ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိပြီး ထိခိုက်သူအရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်းတိုက်မှုအတွင်း တလန်ခွါရွာတွင် နေထိုင်သော Ral Iap ၊ Thang Ceu ၊ Sui Cung ၊ Ngun Lian Thawng ၊ Cung Cin Thawng နှင့် Biak Kung တို့ ၆ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

“ထန်တလန်မြို့နယ် ၊ Tlangkhua ရွာကို စစ်ခွေးတွေက ဒီနေ့ မွန်းလွဲပိုင်းမှာ ဗုံးကျဲသွားတာလို့ သိရတယ်။ သေဆုံးသူ ၆ ဦးရှိတယ်။ ထိခိုက်ဒဏ်ရာရတာတွေလည်းရှိတယ်။ ထိခိုက်သူအရေအတွက်ကိုတော့ ကျနော်တို့ အတည်မပြုနိုင်သေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် ယနေ့မွန်းလွဲပိုင်း အရပ်သား ၆ ဦး သေဆုံးခဲ့ရသည့် ထန်တလန်မြို့နယ်၊ တလန်ခွာကျေးရွာအတွင်းသို့ ဒုတိယအကြိမ်မြောက်အဖြစ် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှု ထပ်မံဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ပထမအကြိမ် ဗုံးကြဲတိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် မကြာမီအချိန်မှာပင် အဆိုပါကျေးရွာအတွင်းသို့ ဒုတိယအကြိမ်မြောက် ဗုံးများ ထပ်မံကြဲချခဲ့ခြင်း ဖြစ်သည်။ ယခုကဲ့သို့ တစ်နေ့တည်းမှာပင် ထပ်ခါတလဲလဲ တိုက်ခိုက်ခံရခြင်းကြောင့် ဒေသခံပြည်သူများအကြား စိုးရိမ်ထိတ်လန့်မှုများ ပိုမိုမြင့်တက်နေသည်။

ဒုတိယအကြိမ် တိုက်ခိုက်မှုကြောင့် ပြည်သူများ၏ အသက်အန္တရာယ် ထိခိုက်မှုရှိမရှိနှင့် နေအိမ်အဆောက်အအုံ ပျက်စီးဆုံးရှုံးမှု အခြေအနေများကိုမူ အသေးစိတ် မသိရှိရသေးပေ။ လက်ရှိတွင် ဆက်သွယ်ရေး ခက်ခဲနေခြင်းနှင့် စစ်ရေးအခြေအနေ တင်းမာနေခြင်းတို့ကြောင့် မြေပြင်အခြေအနေကို အတည်ပြုနိုင်ရန် ဆက်လက်ကြိုးပမ်းနေဆဲ ဖြစ်သည်။

“ကျေးရွာသားတွေဟာ ပထမအကြိမ် တိုက်ခိုက်မှုကြောင့် သေဆုံးသွားသူတွေအတွက် ပူဆွေးနေရချိန်မှာပဲ နောက်ထပ် ဗုံးတွေ ထပ်ကျလာတာပါ။ လူတွေနဲ့ အိမ်ခြေတွေ ဘယ်လောက်ထိခိုက်လဲဆိုတာ အခုထိတော့ အတည်မပြုနိုင်သေးဘူး” ဟု ဒေသခံတစ်ဦးက ဆိုသည်။

အလားတူ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၃ ရက်နေ့ကလည်း ထန်တလန်မြို့နယ်၊ ခွာဖိုးကျေးရွာ စာသင်ကျောင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး ပြည်သူများ ထိခိုက်မှု မရှိသော်လည်း ကျောင်းဆောင်များ ဗုံးစထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- VOC နှင့် CHRO ။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article